ပုလဲ ဩဂုတ် ၁၇
ဩဂုတ် ၁၅ ရက် ည ၉ နာရီ ၄၀ မိနစ်အချိန်တွင် စစ်ကိုင်းတိုင်း ဒေသကြီး၊ ပုလဲမြို့၊ ပုလဲ-ဂန့်ဂေါကား လမ်းဘေးရှိ စေတနာလူမှုကူညီရေး အဖွဲ့ဝင် ဦးမြင့်နိုင်သည် နေအိမ် အရှေ့အဖီ၌ တောင်ပိုင်းရပ်ကွက်နေ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင် ဦးမြတ်လေးပါငါးဦးနှင့်အတူ မြို့ပေါ် ရပ်ကွက်များရှိ COVID-19 ရောဂါကူး စက်ခံနေရသူများ၏ လိုအပ်လျက်ရှိ သော အောက်ဆီဂျင်ဝယ်ယူဖြည့်တင်း ရေးနှင့် ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းများ ပေးနိုင်ရေးဆွေးနွေး ညှိနှိုင်းတိုင်ပင်နေစဉ် နေအိမ်အရှေ့ လမ်းမပေါ်မှ အကြမ်းဖက်သူအမျိုးသား သုံးဦး(စိစစ်ဆဲ)က လက်လုပ်ဗုံး တစ်လုံးဖြင့် ပစ်ပေါက်ကာ ဆိုင်ကယ် ဖြင့် မောင်းနှင်ထွက်ပြေးသွားခဲ့ သဖြင့် ယင်းတို့နှင့်အနီး ကျရောက် ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့်လူနှင့် တိရစ္ဆာန် ထိခိုက်မှုမရှိသော်လည်း အဖီတွင် မိုးထားသော တာလပတ်စ၊ သစ်သားစားပွဲနှင့် ရေနွေးကြမ်း ပန်ကန်လုံးများ ကွဲအက်ပျက်စီးခဲ့ ကြောင်း သိရသည်။ ဆွေဦး