ကလေး ဩဂုတ် ၁၇
ဩဂုတ် ၁၅ ရက် ည ၈ နာရီ အချိန်တွင် ကလေးမြို့၊ စုပေါင်းရုံး၏ အနီး အရှေ့မြောက်ထောင့်လမ်းကြား ဘက်မှ ပေါက်ကွဲသံကြားရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ ညောင်ပင်သာရပ်၊ အိမ်အမှတ်(၂၇/၄)တွင် အိမ်ငှား နေထိုင်သူ ဇော်ရဲအောင် (စိစစ်ဆဲ)သည် အဆိုပါ ခြံဝင်းအတွင်း၌ အကြမ်းဖက် ဖောက်ခွဲရေးလုပ်ရပ်များ ပြုလုပ်ရန်အတွက် လက်လုပ်မိုင်းအား တပ်ဆင်နေစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့၍ ယင်း၏ ယာလက်မောင်း၊ ဝမ်းဗိုက်နှင့် အောက်ပိုင်း ပြတ်ထွက်ဒဏ်ရာများဖြင့် သေဆုံးနေပြီး ယင်း၏အနီးမှပေါက်ကွဲ ထားသည့် Keypad ဖုန်းနှင့် PVC ပိုက် ဖြင့် ပြုလုပ်ထားသည့် လက်လုပ်မိုင်း အပိုင်းအစများကို တွေ့ရှိသိမ်းဆည်း ရရှိခဲ့သည်။
ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင် များသည် ယင်းငှားရမ်းနေထိုင်သော နေအိမ်အတွင်း ဝင်ရောက်ရှာဖွေခဲ့ရာ နေအိမ်အတွင်းမှ PVC ပိုက်ဖြင့် ပြုလုပ်ထားပြီး Keypad ဖုန်းဖြင့် ချိတ်ဆက် ပြုလုပ်ထားသည့်လက် လုပ် မိုင်းတစ်လုံး၊ ဆားကစ်ပြား၊ ဝါယာကြိုး တို့ဖြင့် ချိတ်ဆက်ထား သည့် Keypad ဖုန်း ၇ လုံးနှင့် အခြားဆက်စပ် ပစ္စည်းများကို တွေ့ရှိသိမ်းဆည်းရရှိခဲ့ကြောင်း သိရ သည်။ ဆွေဦး