နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အဝယ်လိုက်၍ ဈေးကောင်းရနေသော မိုင်းယောင်းဆလပ်ရွက်

မိုင်းယောင်း   မေ    ၂၅


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းဒေသထွက် ဆလပ်ရွက်များကို တာချီလိတ်နှင့် ကျိုင်းတုံမှ စားသုံးသူများ အဝယ်လိုက်လာသောကြောင့် ဈေးကောင်းရနေကြောင်း သိရသည်။


ဆလပ်ရွက်ဈေးကွက်မှာ ယခင်နှစ်က ဆလပ်ရွက်တစ်ပွင့်လျှင် ကျပ် ၂၀၀ ဝန်းကျင်ရှိရာ လှိုင်လှိုင် ပေါ်ချိန်တွင် ကျပ် ၁၅၀ မှ ၂၀၀ ခန့်သာ ရောင်းချခဲ့သော်လည်း ယခုနှစ် ဆလပ်ရွက်ပေါ်ချိန်တွင် တောင်ပေါ် ဆလပ်ရွက်ပေါ်ချိန်နှင့် မကြုံသောကြောင့် ဆလပ်ရွက်တစ်ပွင့်လျှင် ကျပ် ၂၀၀ မှ ကျပ် ၂၅၀ ရရှိရာ ယခင်နှစ်ဈေးထက် ဈေးကောင်းရနေခြင်းဖြစ်ကြောင်း သိရသည်။


ယခုအခါ မိုင်းယောင်းတွင် ခေါက်စင်ပါထူးကို လတ်ဆတ်၍ အရသာကောင်းသော ဆလပ်ရွက်နှင့်တွဲ၍ စားသုံးသူများလာပြီး အခြားဒေသမှလည်း အဝယ်လိုက်လာခြင်းကြောင့် ဆလပ်ရွက် စိုက်ပျိုးရောင်းချသူများ မိသားစုအပိုဝင်ငွေရရှိနေကြောင်း သိရသည်။


စိုင်းအောင်ဇော်လင်း(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ