နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သဘာဝဘေးအန္တရာယ်လျော့ပါးစေရန်အစိမ်းရောင်စီးပွားရေးကျင့်သုံးလိုက်နာ

လူသားတို့ဖန်တီးတည်ဆောက်ကြသည့် ဆည်၊ တမံတို့၏ အသက်သွေးကြောသည် ရေအရင်းအမြစ်များ ရေရှည်တည်တံ့ ဖွံ့ဖြိုးတိုတက်မှုဖြစ်သည့်အတွက် ရေဝေရေလဲဒေသနှင့် ရေဦး ရေဖျားဒေသရှိ   သစ်တောသယံဇာတအရင်းအမြစ်များအား စောင့်ရှောက်ရန်လိုအပ်ပေသည်။


ယင်းကြောင့် သက်ဆိုင်ရာဌာနများက ရေ၊ မြေနှင့် သစ်တော သယံဇာတများအား ရေရှည်တည်တံ့အောင် အလေးထားစီမံ ဆောင်ရွက်လျက်ရှိပေသည်။  သဘာဝသယံဇာတများနှင့် ပတ်ဝန်းကျင်ကို ရေရှည်တည်တံ့ရေးအတွက် စဉ်ဆက်မပြတ် စားသုံးခြင်းနှင့်ထုတ်လုပ်ခြင်းသည် အရေးကြီးပေသည်။ 


သဘာဝသယံဇာတများသည် အနာဂတ်မျိုးဆက်သစ်များ အတွက်ဖြစ်၍ သယံဇာတများကို မဆင်မခြင်သုံးစွဲခြင်းသည် စဉ်ဆက်မပြတ်ထုတ်လုပ်မှုကို ထိခိုက်စေမည်ဖြစ်သောကြောင့် လူသားများအားလုံးပတ်ဝန်းကျင်ထိန်းသိမ်းခြင်းကို ထိခိုက်မှု မရှိအောင် တစ်ဦးချင်း၏အမူအကျင့်များကို အခြေခံကျကျ  ပြောင်းလဲသွားကြရန်လိုအပ်ပေသည်။


အစိမ်းရောင်စီးပွားရေးသည် ရာသီဥတုတည်ငြိမ်ရေး၊ ဆင်းရဲ နွမ်းပါးမှုလျှော့ချရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် အရေးကြီးလုပ်ငန်းများအနက်တစ်ခုဖြစ်သည်။ အစိမ်း ရောင်စီးပွားရေးလုပ်ငန်းစဉ်ဖြစ်သော ကာဗွန်ထုတ်လုပ်မှုနှင့် လေထုညစ်ညမ်းမှုလျှော့ချရေး၊ စွမ်းအင်နှင့် သယံဇာတများ  ထိရောက်စွာအသုံးချနိုင်ရေးနှင့် ဇီဝမျိုးစုံမျိုးကွဲများနှင့် ဂေဟစနစ် ဝန်ဆောင်မှုဆုံးရှုံးခြင်းများအား တားဆီးကာကွယ်ရေးလုပ်ငန်း များကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပေသည်။


မြန်မာနိုင်ငံတွင် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုကို ရရှိစေ မည့်   အစိမ်းရောင်စီးပွားရေးကို  ချမှတ်ကျင့်သုံးလျက်ရှိရာ သဘာဝဘေးအန္တရာယ်များဖြစ်သော ရေကြီး၊ ရေလျှံမှု၊ မိုးခေါင် ရေရှားမှုများစသည်တို့ဖြစ်ပေါ်လာပါက အခြားသူများထက် အောက်ခြေလူတန်းစားများက ပိုမိုခံစားရလျက်ရှိသည်။ တစ်ဖန် ဆင်းရဲမွဲတေမှုသည် ပတ်ဝန်းကျင်ပျက်စီးရာပျက်စီးကြောင်း၏ အကြောင်းတစ်ခုဖြစ်သည်။ 


လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျေးလက် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးလုပ်ငန်းများအပြင် စိုက်ပျိုး မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်သမဝါယမကဏ္ဍမြှင့်တင် ရေးလုပ်ငန်းများ၊ အသေးစား၊ အလတ်စားစက်မှု၊ လက်မှုလုပ်ငန်း များချိတ်ဆက်၍ ဆောင်ရွက်လျက်ရှိကြောင်း သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက လုပ်ဆောင်လျက်ရှိသည်။ လတ်တလောကိုဗစ်ကာလအတွင်း စီးပွားရေး၊ လူမှုရေးအခက်အခဲ များသက်သာစေရေး ကြိုးပမ်းဆောင်ရွက်စေချင်ကြောင်း ။     ။






အခြားဆက်စပ်သတင်းများ