နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Won Bin ငြင်းပယ်ခဲ့သည့် နာမည်ကြီးရုပ်ရှင်/ဇာတ်လမ်းကားများ

ဩဂုတ် ၁၆


ကိုရီးယားမင်းသားချော Won Bin ကို မြန်မာပရိသတ်များက ဆောင်းဦးရွက် ကြွေချစ်သက်သေ ဇာတ်လမ်းတွဲထဲတွင်ထယ်စောက် အမည်ဖြင့် လူသိများကြိုက်နှစ်ခဲ့ကြသည်။ မင်းသားချော Won Bin က အနုပညာလောကထဲမှ အနားယူနေခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သည်။ Won Bin သည် ဇာတ်လမ်းပေါင်းများစွာဖြင့် ရုပ်ရှင်များကို ရိုက်ကူးထားခဲ့ဖူးပြီး ၂၀၁၀ ပြည့်နှစ်ကရိုက်ကူးခဲ့သည့် ‘The Man from Nowhere’ ဇာတ်ကားက ယင်း၏ နောက်ဆုံးရိုက်ကူးခဲ့သည့်ရုပ်ရှင်ဖြစ်သည်။ ဇာတ်လမ်းတွဲအနေဖြင့် ၂၀၀၂ ခုနှစ်က ထွက်ရှိခဲ့သည့် ‘Friends’ ကို နောက်ဆုံးရိုက်ထားခြင်း ကြောင့် Won Bin ၏ ဇာတ်လမ်းအသစ်များ ရိုက်ကူးရန် အားလုံးကလည်း စောင့်မျှော်နေခဲ့ကြသည်။ Won Bin ငြင်းခဲ့သည့် ဇာတ်ကား များထဲကမှ တစ်ကမ္ဘာလုံးအထိ အောင်မြင်ကျော်ကြားလူကြိုက်များခဲ့သည့် ဇာတ်လမ်း/ရုပ်ရှင် ၆ ကား ယင်းဇာတ်ကားတို့၏အမည်တို့မှာ Along with the Gods (2017), Descendants of the Sun (2016), The Battleship Island (2017),Train to Busan (2016), The King 2 Hearts (2012) နှင့် That Winter, the Wind Blows (2013) တို့ဖြစ်ကြသည်။         (WP)






အခြားဆက်စပ်သတင်းများ