နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျန်းမာရေးဝန်ထမ်းများနှင့် ဒေသခံပြည်သူများကို စားသောက် ကုန်ပစ္စည်းများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများ လှူဒါန်း

နမ့်စန် ဩဂုတ် ၁၆


ဩဂုတ် ၁၅ ရက်တွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ နမ့်စန်မြို့ရှိ နယ်မြေခံ တပ်မတော်ဆေးရုံနှင့် ပြည်သူ့ဆေးရုံ များရှိ ကျန်းမာရေးဝန်ထမ်းများ၊ Volunteer များနှင့် ဆေးကုသမှုခံယူမနေ သည့် ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည် ပြု ပိုးတွေ့လူနာများများအတွက် အာဟာရဖြည့် စားသောက်ဖွယ်ရာ များကိုလည်းကောင်း၊ ဧရာဝတီတိုင်း ဒေသကြီး၊ ကျုံပျော်မြို့ပြည်သူ့ဆေးရုံ နှင့် အဆိုပါဆေးရုံရှိ ကျန်းမာရေး ဝန်ထမ်းများအတွက် အလှူငွေကျပ် ၅ သိန်း၊ Oxygen Concentrator ၂ လုံး၊ PPE ဝတ်စုံ ၃၀၀ စုံ၊ Goggies ၅၀ ခု၊ Surgical Mask ၂၅၀၀ ခုနှင့် တပ်မတော်စက်ရုံများမှ ထုတ်လုပ်သည့် စားသောက်ဖွယ်ရာ များနှင့် ကျိုက်လတ်မြို့နယ်၊ အမှတ် ၂ ရပ်ကွက်ရှိ ဒေသခံပြည်သူ အိမ်ထောင်စု ၁၈၀ စုတို့အတွက် ဆန်အိတ် များကို လည်းကောင်း၊ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်အတွင်းရှိ ကျေးရွာ၊ ရပ်ကွက်များမှ ပြည်သူ အိမ်ထောင်စု ၁၂၀ စုတို့အတွက် ဆန်၊ ဆီနှင့် စားသောက်ကုန်ပစ္စည်းများကို လည်းကောင်း သက်ဆိုင်ရာ တိုင်း ဒေသကြီးနှင့် ပြည်နယ်ဝန်ကြီး ချုပ်များ၊ တိုင်းစစ်ဌနာချုပ်များမှ တိုင်းမှူးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူ များနှင့် စေတနာရှင်အလှူရှင်များက အသီးသီးထောက်ပံ့ ပေးအပ် လှူဒါန်း ကြရာ တာဝန်ရှိသူများက လက်ခံရယူ ခဲ့ကြကြောင်း သိရသည်။          

                                      ဆွေဦး






အခြားဆက်စပ်သတင်းများ