နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ကိုဗစ် - ၁၉ ရောဂါကာကွယ် ဆေးများ ဆက်လက်ထိုးနှံ

ရန်ကုန် ဩဂုတ် ၁၆


တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများအပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက် ၆၅ နှစ်အထက် သက်ကြီးဘိုးဘွားများ၊ ဌာနဆိုင် ရာ ဝန်ထမ်းများ၊ တိုင်းရင်းသားပြည်သူများနှင့် အကျဉ်း ထောင်များ၌ ပြစ်ဒဏ်ကျခံနေသည့် အကျဉ်းသား၊အကျဉ်းသူ များကို ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ဆေးနှင့်ဆေးပစ္စည်းများကို တပ်မတော်လေယာဉ်များဖြင့် သယ်ယူပို့ဆောင်ပေးခြင်းများနှင့် ကာကွယ်ဆေး ထိုးနှံပေးခြင်း များကို ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။


ထိုသို့ဆောင်ရွက်လျက်ရှိရာ ဩဂုတ် ၁၅ ရက်တွင် ဧရာဝတီ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်း ၁၆ မြို့နယ်မှ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊ သံဃာတော်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူစုစုပေါင်း ၃၂၂၇ဦး တို့ကိုလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း ခရိုင် ၇ ခု ရှိ မြို့နယ်များမှ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ ၆၅ နှစ် နှင့်အထက် သက်ကြီးဘိုးဘွားများနှင့် ပြည်သူစုစုပေါင်း ၇၃၀၅ ဦးတို့ကိုလည်းကောင်း၊ တပ်မတော်မှဆေးအဖွဲ့များ၊ ပြည်သူ့ ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာကျန်းမာရေးဝန်ထမ်း များ၊ စေတနာ့ဝန်ထမ်းနှင့် ပူးပေါင်း၍ ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးသည်။ ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ် များမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိ သည်။        (KKT)






အခြားဆက်စပ်သတင်းများ