နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အရန်ကိုးယောက် ထားတဲ့စည်းမျဉ်းကို ဆက်သုံးပြီး လူစားလဲခွင့် မပြောင်းသေးတဲ့ ပရီးမီးယားလိဂ်

‌ဩဂုတ် ၁၆


ပရီးမီးယားလိဂ်က အသင်းတွေ ဟာအရန်ကစားသမား ကိုးယောက်ထိ ထားလို့ရမယ့်စည်းမျဉ်းကို ဒီရာသီ မှာ ဆက်သုံးသွားဦးမယ်လို့ ကြေညာ လိုက်ပါတယ်။ မနှစ်က ဒုတိယ ရာသီ ဝက်ကစပြီး အရန်ကစားသမား ကိုး ယောက်အထိကို  ယာယီအနေနဲ့ သတ်မှတ်ခဲ့တာပါ။


ဒါ့အပြင်ပွဲချိန်အတွင်းမှာ လူစား လဲဖို့ကိုလည်း သုံးယောက်ကနေ ငါးယောက်အထိ ထပ်တိုးပေးဖို့လည်း ရှိနေပါတယ်။ ဒါပေမယ့်သုံးယောက် ထက်ကျော်လွန်ပြီး လူစားလဲချင်ရင် အလဲခံရမယ့်ကစားသမားအနေနဲ့ ဒဏ် ရာပြင်းထန်စွာရရှိသွားကြောင်း သေချာ မှသာ အပိုလူလဲခွင့်ကို ခွင့်ပြုမယ်လို့ဆို ပါတယ်။


တခြားဥရောပလိဂ်တွေမှာတော့ မနှစ်ကတည်းက လူစားလဲဖို့ငါးယောက် အထိခွင့်ပြုတဲ့စနစ်ကိုကျင့်သုံးနေကြတာပါ။ စီးရီအေမှာဆိုရင် အရန် ၁၂ ယောက်အထိ ခွင့်ပြုပေးထားတယ်ဆိုပေမယ့်ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်တို့ ပွဲတွေမှာတော့အပြောင်းအလဲ ရှိပါလိမ့် မယ်။ ပရီးမီးယားလိဂ်မှာ လူစားလဲ ခွင့် ငါးကြိမ်သတ်မှတ်ပေးဖို့ကို လီဗာ ပူးလ်နည်းပြ ဂျာဂန်ကလော့နဲ့ မန်စီးတီး နည်းပြဂွာဒီယိုလာတို့က ဦးဆောင်ပြီး တောင်းဆိုခဲ့ပေမယ့် မအောင်မြင်ခဲ့ ပါဘူး။


တောင်းဆိုမှုဟာအသင်း ၂၀ ရှိတဲ့အထဲကအနည်းဆုံး ၁၄ သင်း ထဲကနေ ထောက်ခံမဲရရှိဖို့ လိုပါ တယ်။ ဒါပေမယ့် လူစားလဲခွင့်ကို ငါးယောက် အထိသတ်မှတ်ပေးလိုက်ရင် ကစား သမားကောင်းတွေအများအပြားရှိနေ တဲ့ အသင်းကြီးတွေသာ အကျိုးရှိသွား မှာဖြစ်ပြီးပထမလူ စာရင်းကိုသာ အားထားနေရတဲ့ အသင်းငယ်တွေ အတွက်တော့ ဘာမှ သိပ်အကျိုးမထူး ပါဘူး။                                       (SO)






အခြားဆက်စပ်သတင်းများ