နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပရီးမီးယားလိဂ်ရာသီသစ်အတွက် အမောက်ထောင်ပြနိုင်ခဲ့တဲ့ အဲဗာတန်

‌ဩဂုတ် ၁၆


အဲဗာတန်အသင်းဟာ နည်းပြ ရာဖာဘင်နီတက်ဇ် လက်အောက်မှာ အသားမကျသေးပေမယ့် အိမ်ကွင်း ဂွတ်ဒီဆန်ပါ့ခ်မှာ တစ်ဂိုးပေးရပြီးမှ နောက်ကနေ သုံးဂိုးလိုက်သွင်းပြီး အနိုင်ရယူခဲ့ကြပါတယ်။ ၄-၂-၃-၁ ပုံစံနဲ့ ပွဲထွက်လာခဲ့တဲ့ အဲဗာတန်အသင်းဟာ အဓိက ကစားသမားတချို့ မပါဝင် နိုင်သေးတာမို့ တိုက်စစ်မှူး ကဲလ်ဗတ်-လူဝင်နဲ့အတူ  ရစ်ချာလစ်ဆန်ကိုပဲ ပွဲထုတ်ခဲ့ရကာ အထနှေးခဲ့ပါတယ်။ 


ပွဲချိန် ၂၂ မိနစ်မှာတော့ တိုက်စစ် မှူးသစ် အဒမ်အမ်းစ်ထရောင်းက ဂိုးသမားပစ်ခ်ဖို့ဒ်ရဲ့ အပေါ်ထောင့်ကို ကန်သွင်းပြီး ဆောက်သမ်တန်အတွက် ပွဲဦးထွက်ဂိုးကိုရယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒုတိယပိုင်း ပွဲချိန် ၄၇ မိနစ်မှာ အဲဗာတန်တို့  ပွဲစတယ်ဆိုတာနဲ့ တိုက်စစ်ဆင်လာခဲ့ပြီး တောင်းဆန်း ခေါင်းတိုက်ချပေးခဲ့တာကို ရစ်ချာ လစ်ဆန်က အနီးကပ်ပိတ်သွင်းပြီး ပြန်လည်ချေပဂိုးရခဲ့ပါတယ်။


 ပွဲချိန် ၇၆  မိနစ်မှာတော့ အီဝိုဘီ   ခေါင်းတိုက်ချပေးရာမှာ နောက်ကပါလာတဲ့  ကွင်းလယ်လူ ဒူကူရေးက ဘောလုံးကို ထိန်းပြီးကိုယ် တစ်ပတ်လှည့် ကန်ချက်က ဂိုးအပေါ် ထောင့် တည့်တည့်ကနေ ဂိုးဝင်သွားခဲ့ လို့ အဲဗာတန်တို့ နောက်ကလိုက်ပြီး ပြန်လည်ဦးဆောင်နိုင်ခဲ့တာပါ။ 


ဒီနောက်ပိုင်း ပွဲချိန် ၈၁ မိနစ်မှာတော့ ရစ်ချာလစ်ဆန်က ညာခြမ်းကနေ ဖြတ် တင်ပေးခဲ့ရာမှာ ကဲလ်ဗတ်-လူဝင်က အနီးကပ်  ဒိုင်ဗင်ထိုးခေါင်းတိုက်ပြီး အနိုင်ပြတ်သားစေမယ့် ဂိုးကိုသွင်းယူ နိုင်ခဲ့တာဖြစ်ပါတယ်။ ဒီရလဒ်ကြောင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် ၄ နေရာမှာ အဲဗာတန်တို့ ရပ် တည်နိုင်ခဲ့ပြီဖြစ်ပါတယ်။              

    (SO)






အခြားဆက်စပ်သတင်းများ