နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကော်တင်ဟိုကို အငှားခေါ်ယူရင် လစာတစ်ဝက်ပါပေးချေပေးမယ့် ဘာစီလိုနာ

‌ဩဂုတ် ၁၆


ဘာစီလိုနာအသင်းဟာကော်တင် ဟိုကို ခေါ်ယူမယ်ဆိုရင် မိမိတို့ဘက် ကနေ သူ့ရဲ့လစာတစ်ဝက်ကိုပါ ပေးချေ မယ်လို့ ပရီးမီးယား လိဂ် ကလပ်တွေကို ကမ်းလှမ်းလိုက်တယ်လို့ သတင်းတွေ မှာဖော်ပြလာပါတယ်။ 


ကတ္တလန်ကလပ်ဟာ လက်ရှိအချိန် မှာ ဘဏ္ဍာရေးအကျပ်အတည်းနဲ့ ရင်ဆိုင်နေရပြီး စတားဖြစ်တဲ့ မက်ဆီ ကိုပါ လက်လွှတ်ခဲ့ရတာဖြစ်ပါတယ်။


ဘရာဇီးသတင်းဌာန တစ်ခုက လီဗာပူးကစားသမားဟောင်း ကော်တင် ဟိုကတော့ စီးရီးအေကိုပြောင်းချင်နေ တယ်လို့ ဖော်ပြခဲ့ပါတယ်။ စပိန်သတင်း တွေကတော့ ဘာစီလိုနာဟာ ကော်တင် ဟိုရဲ့ လစာတစ်ဝက်ကိုပါ ပေးချေပေး မယ့်အကြောင်းကိုပါ ပရီးမီးယားလိဂ် ကလပ်တွေကို ထည့်သွင်းကမ်းလှမ်းဖို့ပြင်ဆင်နေတယ်လို့ဖော်ပြခဲ့ပါတယ်။ 


အသက် ၂၉ နှစ်သားဟာ လီဗာပူး မှာ အောင်မြင်ခဲ့သလို ဘိုင်ယန်ကိုအငှား ထွက်ကစားတုန်းကလည်း  ခြေစွမ်း ပြနိုင်ခဲ့တာဖြစ်ပါတယ်။  ကိုးမန်းကတော့ ကော်တင်ဟိုကို အစီအစဉ် ထဲမထည့် တော့ပဲ ရောင်းချလိုနေပါတယ်။ ဘာစီ လိုနာဟာ  အခုအပြောင်းအရွှေ့မှာ ဒီပေး၊ ဂါစီယာတို့ကို ခေါ်ယူထားနိုင်ခဲ့ပါ တယ်။ ဒါပေမယ့် ကစားသမားတွေရဲ့ လုပ်ခလစာကို လျှော့ချဖို့တော့ဆွေးနွေး နေတာ ဖြစ်ပါတယ်။ 

ဥက္ကဋ္ဌသစ် လာပေါ်တာကလည်း အသင်းရဲ့အကြွေးတွေကို လျှော့ချနိုင်ဖို့ ကြိုးပမ်းနေပါတယ်။

(SO)






အခြားဆက်စပ်သတင်းများ