နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရုရှားတတိယတန်း ဘောလုံးကလပ်နဲ့ ပရော်ဖက်ရှင်နယ်စာချုပ်ချုပ်ဆိုလိုက်တဲ့ UFC ဖိုက်တာခါဘစ်

‌ဩဂုတ် ၁၆


လွန်ခဲ့တဲ့ ၁၀ လခန့်က ဂျက်စတင် ဂေသီကို အလဲထိုးခဲ့ပြီးနောက် ယခု အခါ UFC အကျော်အမော် ခါဘစ်ဟာ ရုရှား   တတိယတန်းကလပ်နဲ့ ပရော် ဖက်ရှင်နယ်စာချုပ်  ချုပ်ကာ ဘောလုံး သမားဘဝကို ကူးပြောင်းလိုက်တယ် လို့သိရပါတယ်။ Lightweight ချန်ပီယံ ဟောင်းဖြစ်သူ ခါဘစ်ဟာသူ့ရဲ့ ဖခင် ကွယ်လွန်ပြီးနောက်  အထိုးအသတ် သမားဘဝကနေ  အနားယူသွားခဲ့ဖို့ သူ့အမေကို  ကတိပေးထားခဲ့တာလို့ ပြောပါတယ်။


အဲဒီနောက်  သူဟာဘောလုံး လေ့ကျင်ရေးတွေလုပ်နေခဲ့ပြီး ရော်နယ် ဒိုကိုလည်း အားကျတယ်လို့ မကြာခဏ ထုတ်ဖော်ပြောကြားထားခဲ့ပါတယ်။ လက်ရှိမှာတော့ရုရှား တတိယတန်း ကလပ်ဒိုင်နမိုနဲ့ ပရော်ဖက်ရှင်နယ် စာချုပ်ချုပ်ဆိုသွားခဲ့ပါတယ်။ 


အဆိုပါကလပ်ဟာ မနှစ်ကလိဂ်မှာ စတုတ္ထနေရာရရှိထားပြီး  ဒိုင်နမိုရဲ့ official ပေ့ချ်မှာ ခါဘစ်ရဲ့ပုံကို တင်ထား ကာ ခါဘစ်အား တိုက်စစ်ကစားသမားအဖြစ်ထားကစားသွားမယ်လို့ဆိုထားပါတယ်။ အဓိကပြိုင်ဘက် မက်ဂရီဂေါ်ကို အလဲထိုးခဲ့တဲ့ ပွဲအပါအဝင် UFC တွင် ခါဘစ်ဟာ ချန်ပီယံ ကာကွယ်ပွဲ လေးပွဲ အထိအနိုင်ရယူခဲ့တဲ့သူဖြစ်ပါတယ်။


(SO)






အခြားဆက်စပ်သတင်းများ