နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နွေးထွေးစွာလွှမ်းခြုံ

မွေးစမှ အသက် ၁၈ နှစ်မပြည့်သေးသူများကို UNCRC အရ ကလေးဟုသတ်မှတ်ထားပါသည်။ ကလေးများဘဝကောင်းမွန်စွာ ရှင်သန်ဖွံ့ဖြိုးဖို့ ပံ့ပိုးပေးရန် လူတိုင်းတွင် တာဝန်ရှိပါသည်။ ကလေး များသည် အနာဂတ်ခေါင်းဆောင်များဖြစ်ကြပြီး ကောင်းမွန်စွာပြုစုပျိုးထောင်ခြင်းသည် အနာဂတ်ခေါင်းဆောင်ကောင်းများ မွေးထုတ်ပေးရာရောက်ပေသည်။


စည်းကမ်းဆိုသည်မှာ သင်ကြားလမ်းညွှန်ခြင်းကို ဆိုလိုပေ သည်။ အပြုသဘောဆောင်သော သင်ကြားလမ်းညွှန်ခြင်းဆို သည်မှာ ကလေးများအား လုံခြုံစိတ်ချရသောပတ်ဝန်းကျင်ကို ဖန်တီးပေးခြင်း၊ အကြမ်းဖက်မှုများမှ ကာကွယ်စောင့်ရှောက်ခြင်း နှင့် ကလေးတို့၏သင်ယူမှုများတွင် ပါဝင်ခွင့်ပေးခြင်းဖြင့် ကလေး များ၏အမူအကျင့်များကို လမ်းညွှန်ပေးသည့် ချဉ်းကပ်မှုတစ်ခု ဖြစ်ပေသည်။


ဆယ်ကျော်သက်အရွယ်များသည် လွတ်လွတ်လပ်လပ်နေ ချင်သည့် သူတို့၏ဆန္ဒများကိုလေးစားပြီး မိဘတို့၏ယုံကြည်မှုကို ပြသသင့်ပေသည်။ 


မိဘများသည် ယင်းတို့ပင်ပန်းနေချိန် (သို့မဟုတ်) စိတ်ဖိစီးမှု ရှိနေချိန်တွင် ကလေးများကိုဆုံးမရန် နည်းလမ်းတစ်ခုအနေဖြင့် ကလေးများကို ရိုက်နှက်ဆုံးမခြင်း၊ အရှက်ရစေခြင်းတို့ကိုပြုလုပ် လေ့ရှိသည်။ သို့သော် ရိုက်နှက်ခြင်း၊ အရှက်ရအောင်ပြုမူခြင်းဖြင့် အခြားကြမ်းတမ်းသည့်နည်းလမ်းများသည် ကလေးများအား ရုပ်ပိုင်းဆိုင်ရာထိခိုက်ခြင်း၊ မိမိကိုယ်မိမိယုံကြည်မှုလျော့ကျစေ ခြင်း၊ ကလေးများအားကြောက်စေပြီး စိတ်ဓာတ်ကျစေခြင်း၊ ရန်လိုတတ်ခြင်း၊ ဒေါသနှင့် ဝမ်းနည်းသိမ်ငယ်ခြင်းတို့ဖြစ်စေ ခြင်း၊ မိဘနှင့် ကလေးဆက်ဆံရေးပျက်စေခြင်းတို့ဖြစ်ပေါ်စေ ပေသည်။ ကလေးများအားရိုက်နှက်ခြင်းနှင့် အရှက်ရစေရန် အပြစ်ပေးခြင်းဖြင့် ကလေးများအား မသွန်သင်နိုင်ပါ။


ဆယ်ကျော်သက်အရွယ်များသည် လွတ်လွတ်လပ်လပ်နေ ချင်သည့်သူတို့၏ဆန္ဒများကိုလေးစားပြီး မိဘတို့၏ယုံကြည်မှုကို ပြသသင့်ပေသည်။ မိဘသည် ဘဝပေးအခြေအနေအရ နိမ့်ပါးနေ သော်လည်း သားသမီးများအနေဖြင့် ဘဝမြင့်မားအောင်ကြိုးစားအားထုတ်ရမည်သာဖြစ်ပေသည်။


ကလေးများနှင့်သက်ဆိုင်သောကျန်းမာရေး၊ ပညာရေး၊ လူမှု ဆက်ဆံရေးစသည့်နယ်ပယ်များတွင် ရင်းနှီးမြှုပ်နှံမှုများပြုလုပ် သင့်ပေသည်။  သားသမီးများကို ချစ်ခြင်းမေတ္တာနှင့် နွေးထွေးစွာ လွှမ်းခြုံသင့်ပေသည်။    ရိုးရှင်းသောစည်းကမ်းချက်များနှင့်       လိုက်နာနိုင်သောကန့်သတ်ချက်တို့ကို   သားသမီးများအပေါ် တစ်သမတ်တည်းထားရှိသင့်ပေသည်။ 


သား‌ကောင်း၊ သမီးမွန်များဖြစ်ရေး မိဘများ၏မျှော်လင့်ချက် ကို သားသမီးများအနေဖြင့် ဖြည့်ဆည်းဆောင်ရွက်ခြင်းသည် အဓိကကျသည်ဟုဆိုချင်ပါကြောင်း ။






အခြားဆက်စပ်သတင်းများ