နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကန်ပက်လက်မြို့နယ်အတွင်း ကျေးရွာခုနစ်ရွာ ဖွံ့ဖြိုးရေးစီမံကိန်း လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး

ကန်ပက်လက်   ဩဂုတ်     ၁၅


ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့နယ်  ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ်တွင် ကန်ပက်လက် မြို့နယ်အတွင်းရှိ ကျေးရွာ ခုနစ်ရွာ၌ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)ထောက်ပံ့ ရန်ပုံငွေကျပ်သိန်း ၁၀၀ စီဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များကို မတ်လပထမပတ်ကစတင် အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိရာ ယခုအခါ လုပ်ငန်းများ အားလုံး ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး နေပြီဖြစ်ကြောင်း အဆိုပါ ဦးစီးဌာနမှ သိရသည်။


ကန်ပက်လက်မြို့နယ်အတွင်း ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ဖြင့်မြို့နယ်အတွင်းရှိ အောက်ဗွီတုံ၊ ငကြဲ၊ ဆေကေး၊ ခပ်ဒိုင်း၊ ခုပ်၊ ခွဲသာ၊ ရှိနှော်ကျင်းကျေးရွာများတွင် ကျေးရွာ တစ်ရွာလျင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ထောက်ပံ့ရန်ပုံငွေကျပ်သိန်း ၁၀၀၊  ပြည်သူထည့်ဝင်ငွေများဖြင့် ကုန်ထုတ်လမ်းဖောက်လုပ်ခြင်း လုပ်ငန်းနှစ်ခု၊ စိမ့်စမ်းရေသွယ်တန်း ခြင်းလုပ်ငန်းသုံးခု၊ သစ်သားတံတား တည်ဆောက်ခြင်းလုပ်ငန်းတစ်ခု၊ ကြိုးတံတားတည်ဆောက်ခြင်းလုပ်ငန်း တစ်ခု၊ စုစုပေါင်းကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းခုနှစ်ခုအား ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ နည်း ပညာပံ့ပိုးမှု၊ အနီးကပ်ကြီးကြပ်မှုတို့ ဖြင့်  ကျေးရွာသူ၊ ကျေးရွာသားများ ကိုယ်တိုင်အကောင်အထည်ဖော်ဆောင် ရွက်ခဲ့ကြောင်း၊ ယခုတွင် လုပ်ငန်းအား လုံး ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးနေ ပြီဖြစ်ကြောင်း ကန်ပက်လက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထန်းအွမ် က ပြောသည်။


ကန်ပက်လက်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)ကို ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ်မှစတင်၍  ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေးနှစ်အထိ ကျေးရွာစုစုပေါင်း ၁၉ ရွာတွင် ကျေးရွာ၏ လိုအပ်ချက်များ ဖြစ်သောကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း  ၁၉ ခုကို ပြည်သူလူထု၏ ဆန္ဒဖြင့် ရွေးချယ်၍ အကောင်အထည်ဖော်ဆောင်ရွက်ပေး နိုင်ခဲ့ကြောင်း သိရသည်။   

စိုးမိုးကျော်






အခြားဆက်စပ်သတင်းများ