နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကလေးမြို့နယ် အကြမ်းဖက်သောင်းကျန်းသူများ တံတားကိုမိုင်းထောင်ဖောက်ခွဲမီးရှို့ဖျက်ဆီး၊ မီးသတ်ယာဉ်ကို ထပ်မံမိုင်းဆွဲတိုက်ခိုက်

ရန်ကုန်၊  ဩဂုတ် ၁၅


စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၌ အကြမ်းဖက်သောင်း ကျန်း သူများ မိုင်းထောင်ဖောက်ခွဲ၍ မီးရှို့ဖျက်ဆီးခဲ့သည့်  တံတားကို သွားရောက်  မီးငြိမ်းသတ်ပြီး ပြန်လည်ထွက်ခွာလာသည့် မီးသတ် ယာဉ်ကို အကြမ်းဖက်သောင်းကျန်းသူများက ထပ်မံမိုင်းဆွဲတိုက်ခိုက် ခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ ကလေးမြို့နယ်၊ ဆည်တော်ကျေးရွာနှင့် ကြာအင်း ကျေးရွာ အကြားရှိ ကလေး- နတ်ချောင်း ကားလမ်းပေါ်၌ဒေသခံ ပြည်သူများ စီးပွားရေး၊ လူမှုရေးဖွံ့ဖြိုး တိုးတက်စေရေးအတွက် တည်ဆောက်ထားသည့် တံတားအမှတ် (၂/၁၁၇) ဘေလီ ကွန်ကရစ် တံတားကို ဩဂုတ်လ ၁၂ ရက်နေ့ ညနေ ၅ နာရီ ၄၀ မိနစ်အချိန်တွင် အကြမ်းဖက်သောင်းကျန်းသူများက မိုင်းထောင်ဖောက်ခွဲခဲ့ရာ လူနှင့်တိရစ္ဆာန်ထိခိုက်မှုမရှိဘဲ ကလေးမြို့သို့အဝင်ဘက် တံတား ချဉ်းကပ်လမ်း၏ ယာဘက်ခြမ်းရှိ မြေသားများ ချိုင့်ဝင်နိမ့်ကျသွားခဲ့ သည်။ ထို့အပြင် ဩဂုတ် ၁၃ ရက်၊ နံနက် ၇ နာရီ ၃၅ မိနစ် အချိန်တွင် အဆိုပါတံတားရှိ သစ်သားကြမ်းခင်းများကို အကြမ်းဖက် သောင်းကျန်းသူများက ထပ်မံ၍ မီးရှို့ဖျက်ဆီးခဲ့သဖြင့်  မီးလောင်မှု ဖြစ်ပွားလျက်ရှိ ကြောင်းသိရပြီး ကလေးမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ် တပ်ဖွဲ့ဝင်များသည် မီးငြှိမ်းသတ်ယာဉ်တစ်စီးဖြင့်သွားရောက် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၈ နာရီ အချိန်တွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင် မှုကြောင့် တံတားကြမ်းခင်းများ မီးလောင် ပျက်စီး ဆုံးရှုံးခဲ့သည်။ 


ထို့နောက် မီးသတ်တပ်ဖွဲ့ဝင်များသည် ကလေးမြို့သို့ပြန်လည် ထွက်ခွာလာခဲ့ရာ ဇင်းကလင်းကျေးရွာနှင့် ချင်းဆိုင်ကျေးရွာအကြားရှိ သံလမ်းကူးအနီးအရောက်၌ အကြမ်းဖက်သောင်းကျန်းသူများက လမ်း၏ဝဲ/ယာတို့မှ လက်လုပ်ဆွဲမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ မီးသတ်တပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရရှိမှုမရှိသော်လည်း မီးသတ် ယာဉ်၏ နောက်ဘီးတစ်လုံးကွဲကာ၊ တစ်လုံးပြုတ်ထွက်ခဲ့ပြီးယာဉ် အတွင်းရှိ ရေစုပ်စက်ပျက်စီးသွားခဲ့ကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များကသွားရောက်စစ်ဆေးခဲ့ရာ တံတားအမှတ် (၂/၁၁၇) အနီး ကားလမ်းဘေး၌ အကြမ်းဖက်သူများ ထောင်ထားပြီးမပေါက်ကွဲ သေးသည့် ၂ ပင်လိမ်ဝါယာကြိုးဖြင့် ချိတ်ဆက်ထားသည့် လက်လုပ် မိုင်း ၇ လုံးကိုတွေ့ရှိရသဖြင့်       သက်မဲ့ပြုလုပ်သိမ်းဆည်းခဲ့ကြောင်း သိရသည်။                                                                     

ဆွေဦး






အခြားဆက်စပ်သတင်းများ