နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြည်သူလူထုအချို့ကို လက်နက်ကိုင်အကြမ်းဖက်သူများက အကြောင်းမဲ့ ရက်စက်စွာ လုပ်ကြံသတ်ဖြတ်

ရန်ကုန်၊  ဩဂုတ် ၁၅


ဩဂုတ် ၁၃ ရက်၊ မွန်းလွဲ ၂ နာရီ ၂၅ မိနစ်အချိန်တွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ မင်္ဂလာရပ်ကွက်၊ မူကြို ကျောင်းဝင်းအတွင်းရှိ “ငြိမ်းချမ်းရေး” လျှပ်စစ်ပစ္စည်း   ပြုပြင်ရေးဆိုင်၌ အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ (NDF) ဥက္ကဋ္ဌ ဦးဟန်သာ(၇၀)နှစ် (ဘ) ဦးစံရွှေမှာ  ဓားထိုးခံရ၍  သေဆုံးခဲ့ ကြောင်း သိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါ ဆိုင်သို့ အကြမ်းဖက်သူ အမျိုးသား ၄ ဦး က ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာပြီး ဦးဟန်သာကို   ဒလန်ဟုစွပ်စွဲကာ အမျိုးသား ၂ ဦးက အသင့်ပါလာသော ဓားမြှောင်ဖြင့်  ဝိုင်းဝန်းထိုးနှက်ခဲ့ရာ ဦးဟန်သာတွင် လည်ပင်း၊ ဝမ်းဗိုက်နှင့် ဝဲတံတောင်တို့တွင် ထိုးသွင်း/ ပြတ်ရှ ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ကြောင်း သိရသည်။ 


အလားတူ ည ၈ နာရီ ၅၀ မိနစ်အချိန်တွင် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရွာသစ် ကျေးရွာ၌ အမျိုးသားတစ်ဦးသေနတ် ဖြင့် ပစ်ခတ်ခံရ၍ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ အဆိုပါ ကျေးရွာနေ မောင်ထိန် (၄၀)နှစ် (ဘ) ဦးပန်းစိန်သည် ယင်း၏ နေအိမ် ရှေ့တွင် စတီးသံပန်း သံတံခါးလုပ်ငန်း လုပ်ကိုင်နေစဉ် ဆိုင်ကယ်စီးနင်း လာသည့် အကြမ်းဖက်သူ အမျိုးသား တစ်ဦး (စိစစ်ဆဲ) က သေနတ်ဖြင့် ၃ ချက် ပစ်ခတ်ကာ လမိုင်းမြို့ဘက်သို့ မောင်းနှင် ထွက်ပြေး သွားခဲ့သဖြင့် မောင်ထိန် တွင် ဝဲ/ယာ ပေါင်တွင်ကျည် ထိမှန် ဒဏ်ရာများရရှိခဲ့ကြောင်းတွေ့ရှိ ရသဖြင့် ဆေးဝါး ကုသနိုင်ရေးလမိုင်း ပြည်သူ့ဆေးရုံသို့   ပို့ဆောင်ထားရှိ ကြောင်း သိရသည်။                 ဆွေဦး






အခြားဆက်စပ်သတင်းများ