နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အီရန်ရေနံ ရောင်းဝယ်သူများကို အမေရိကန်ဒဏ်ခတ် အရေးယူမှု ပြုလုပ်

တီဟီရန်၊  သြဂုတ် ၁၅ 


အီရန်တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC-QF ) အတွက် တရားမဝင်ငွေများ ရရှိသွားစေသည့် ရေနံ မှောင်ခိုရောင်းချ ပေးရာတွင် ပါဝင်သည့် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းအချို့ကို အမေရိကန်အစိုးရ က   ဒဏ်ခတ်အရေးယူလိုက်ပြီ ဖြစ် သည်။

 ယင်းသို့   အရေးယူရာတွင် အိုမန် နိုင်ငံသား   စီးပွားရေးလုပ်ငန်းရှင် Mahmood Rashid Amur Al Habsi နှင့်အတူ သူပိုင် Al Habsi Business Network နှင့် Bravery Maritime Corporation တို့လည်း ပါဝင်ကြသည်။ အီရန်တော်လှန်ရေး အစောင့်တပ်ဖွဲ့ အနေဖြင့် အဆိုပါလူပုဂ္ဂိုလ်များနှင့် စီးပွားရေးလုပ်ငန်းများက တစ်ဆင့် ရေနံများကို အရှေ့အာရှ အပါအဝင် နိုင်ငံတကာက ဝယ်ယူကြသူများကို ရောင်းချခဲ့ကြောင်း အမေရိကန် ပြည် ထောင်စု ဘဏ္ဍာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။ 


အီရန်တော်လှန်ရေး အစောင့်တပ်ဖွဲ့ ၏ ခေါင်းဆောင်များသည် ယင်း ငွေကြေးကိုဒေသတွင်းမှာ တည်ငြိမ်မှု မရှိအောင် လုပ်ဆောင်နေကြသည့် ယင်း တို့အဖွဲ့အတွက်    ပံ့ပိုးပေးနေကြောင်း ထုတ်ပြန်ချက်တွင်    ရေးသားထား သည်။ ယင်းကဲ့သို့ အခြေအနေများ ကြောင့် မှောင်ခိုရေနံရောင်းချမှုတွင် ပါဝင်ပတ်သက်သူများ၏ အမေရိကန် ပြည်ထောင်စုရှိ   ပိုင်ဆိုင်မှုအကျိုးစီးပွား များကို  ပိတ်ဆို့ဒဏ်ခတ်ထားလိုက် ကြောင်းလည်း  ထုတ်ပြန်ချက်တွင် ရေး သားထားသည်။

မျိုးဝင်း (ref; AFP)






အခြားဆက်စပ်သတင်းများ