နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကနေဒါတွင် ကိုဗစ်စတုတ္ထလှိုင်း ခံစားနေရပြီဖြစ်ကြောင်း ဆေးပညာရှင်များ ပြောကြား

အော့တဝ၊  သြဂုတ် ၁၅ 


နိုင်ငံအတွင်း ကိုဗစ်-၁၉ ဗိုင်းရပ်စ် မျိုးကွဲအမျိုးမျိုး ဆက်လက်ပျံ့နှံ့လျက်ရှိနေသောကြောင့် ကနေဒါနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါ စတုတ္ထလှိုင်းကိုခံစား နေရကြောင်း ကနေဒါနိုင်ငံ၏ ပြည်သူ့ကျန်းမာရေးဌာန ဆေးပညာရှင်များက ပြောကြားလိုက်သည်။ 


ဇူလိုင်လနှောင်းပိုင်းမှစ၍ နိုင်ငံတွင်း ကူးစက်မှုအရေအတွက်မှာ ပိုမိုဆိုးရွား လာခဲ့ကြောင်း  ယင်းတို့က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ ခြင်းဖြစ်သည်။ ကနေဒါနိုင်ငံ၌ သြဂုတ်ဒုတိယပတ်အတွင်း ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၂၁၃၈ ဦးရှိခဲ့ပြီး လက်ရှိအချိန်အထိ ကိုဗစ်-၁၉ ဖြင့်သေဆုံးသူ စုစုပေါင်း ၂၆,၆၉၂ ဦး အပါအဝင် ကူးစက်ခံရသူစုစုပေါင်း ၁,၄၄၇,၄၃၉ ဦးအထိ ရောက်ရှိခဲ့ကြောင်း သိရ သည်။ 


ကနေဒါနိုင်ငံ၏ လူဦးရေအထူထပ်ဆုံးဖြစ်သည့် အွန်တာရီယိုပြည်နယ်တွင် ဗိုင်းရပ်စ်သစ်ကူးစက်မှု စုစုပေါင်း ၅၁၃ ဦးရှိပြီး ဇွန်လလယ်မှစ၍ ပထမဆုံးအကြိမ် ကူးစက်မှုပေါင်း ၅၀ဝ ကျော် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ အလားတူ တစ်ချိန် တည်းမှာပင် Alberta ပြည်နယ်တွင်  အတည်ပြုလူနာသစ် ၅၅၀ ဦးကို တွေ့ခဲ့ပြီး British Columbia ပြည်နယ်တွင် အတည်ပြုလူနာသစ် ၅၁၃ဦးအား တွေ့ရှိခဲ့ကြောင်း သိရသည်။   လက်ရှိတွင် ကနေဒါနိုင်ငံ၌ ရောဂါဖြစ်ပွါးနေသူ ၁၃,ဝ၀ဝ ကျော်ရှိပြီး ဇူလိုင်လနှောင်းပိုင်းထက် အရေအတွက် နှစ်ဆပိုများလာကာ နေ့စဉ် အတည်ပြုလူနာသစ် ၁၅၀ဝ ရှိပြီး အများစုမှာ အသက် ၂၀ မှ ၃၉ နှစ်ကြား ဖြစ်ကြောင်း သိရသည်။                                                        ရဲခေါင် (ref; Reuters)






အခြားဆက်စပ်သတင်းများ