နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂျပန်တွင် မိုးသည်းထန်စွာရွာသွန်းပြီး လူသေဆုံး၊ ပျောက်ဆုံးနေမှုများ ဖြစ်ပွား

တိုကျို၊   ဩဂုတ်  ၁၅ 


ဂျပန်အနောက်ပိုင်း နာဂါဆာကီစီရင်စုတွင် ပြီးခဲ့သည့်ရက်ပိုင်းများက မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုကြောင့်   အိမ်နှစ်လုံးမြေမြုပ်ခဲ့သဖြင့် အမျိုးသမီး တစ်ဦးသေဆုံးကာ အခြားလူနှစ်ဦးပျောက်ဆုံးနေကြောင်း အာဏာပိုင်များက ပြောကြားသည်။

 

နိုင်ငံ၏နေရာအချို့တွင်  စံချိန်တင်မိုးရွာသွန်းမှုနှင့် ကြုံတွေ့နေရသဖြင့် လူဦးရေ ၁ သန်းကျော်ကို လွှမ်းခြုံစေမိမည့် သတိပေးချက်ကို ဂျပန်အာဏာပိုင်များ က တိုးချဲ့ထုတ်ပြန်ထားသည်။ မိုးရွာသွန်းမှုမှာ ၇၂ နာရီအတွင်း မိုးရေချိန် ၄၀၈ မီလီမီတာအထိစံချိန်တင်ရွာသွန်းခဲ့ကာ ဂျပန်ရုပ်သံထုတ်လွှင့်မှုများတွင်  ဟီရို ရှီးမားစီရင်စု၏ အချို့ဒေသများတွင် မြစ်ရေလျှံတက်နေပြီး ဂျပန်အနောက်ပိုင်း အခြားဒေသများတွင် ဆက်လက်အန္တရာယ်များနေသည်ကို သတိထားရန်လိုကြောင်း ထည့်သွင်းထုတ် ပြန်ထားသည်။  


သို့ရာတွင် ဂျပန်ရှေးဟောင်းမြို့တော် ကျိုတိုမြို့၏အလယ် ဗဟိုကိုဖြတ်သန်း စီးဆင်းနေသည့် ကာမိုမြစ်မှာ မြစ်ရေမြင့်တက်နေသော်လည်း ရေကြီးမှုမဖြစ် သေးကြောင်း၊ ဂျပန်မိုးလေဝသအေဂျင်စီ၏ သတိပေးချက်အရ တစ်နိုင်ငံလုံးတွင် ယခုတစ်ပတ်ခန့် မိုးဆက်လက်ရွာသွန်းနိုင်ဖွယ်ရှိကြောင်း သတိပေးထားသည်။

မျိုးဝင်း (Ref : Reuters)






အခြားဆက်စပ်သတင်းများ