နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စားဝတ်နေရေး အခက်အခဲရှိသည့် အိမ်ထောင်စုများအတွက် စားသောက်ကုန်များ ထောက်ပံ့

တွံတေး၊ ဩဂုတ် ၁၅


ကျေးလက်နေပြည်သူတို့ ကိုဗစ်- ၁၉ တတိယလှိုင်းကာလ မိသားစုဝင်ငွေလျော့နည်းနေချိန်၌  အထောက်အကူဖြစ်စေရန်၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း ပြည်သူများ စားဝတ် နေရေးပြေလည်စေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေး မြို့နယ်၊ လက်ပံဂွကျေးရွာအုပ်စု၊ ပုသိမ်ကျေးရွာနှင့် ကံလှကျေးရွာ အတွင်းရှိ အိမ်ထောင်စု စုစုပေါင်း ၁၆၄ အိမ်ကို အလှူရှင်မှ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း စားဝတ်နေရေးအခက်အခဲရှိ သည့် အိမ်ထောင်စုများအတွက် အခြေခံစားသောက်ကုန်များ လှူဒါန်း ခြင်းကို ဩဂုတ် ၁၅ ရက်၊ နံနက်ပိုင်းက  အဆိုပါကျေးရွာများ၌ အိမ်တိုင်းရာရောက် လိုက်လံလှူဒါန်းပေးခဲ့ကြောင်း သိရသည်။


တွံတေးမြို့နယ်၊ စက်ဆန်းကျေးရွာမှ အလှူရှင် ဦးတင်ကိုလတ်+ ဒေါ်ခင်ဝင်းရွှေ မိသားစုမှ လက်ပံဂွကျေးရွာအုပ်စုအတွင်းရှိ ပုသိမ် ကျေးရွာမှ အခြေခံလူတန်းစား ၉၄ အိမ်နှင့် ကံလှကျေးရွာမှ အခြေခံလူတန်းစား ၇၀ အိမ် စုစုပေါင်း ၁၆၄ အိမ်ကို အခြေခံစားသောက် ကုန်များ လှူဒါန်းရာတွင် အိမ်ထောင်စုတစ်စုလျှင် ဆန် ၃ ပြည်၊ ကြက်သွန်နီ တစ်ပိသာစုစုပေါင်း တန်ဖိုးငွေကျပ် ၁,၁၀၀,၀၀၀ ကျပ်ဖိုး ကို ကျေးရွာအတွင်းရှိ အိမ်ထောင်စုများသို့  အိမ်တိုင်းရာရောက် လိုက်လံလှူဒါန်းပေးခဲ့သည့်အပြင် နှာခေါင်းစည်း Mask များကိုလည်း ထပ်မံလှူဒါန်းပေးခဲ့ကြောင်း သိရသည်။

 

လှူဒါန်းရာတွင်  အိမ်ထောင်စုများက  ဝမ်းမြောက်ဝမ်းသာ လာရောက်ယူဆောင်ခဲ့ကြပြီး  ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ရေးနှင့်အညီ စနစ်တကျလှူဒါန်းပေးခဲ့ကြောင်း သိရသည်။ ကျေးရွာ အတွင်း ပြည်သူများ ကိုဗစ်- ၁၉ ရောဂါ ပြန်ပွားမှုမရှိစေရေးနှင့် mask တပ်သည့် အလေ့အကျင့်ဖြစ်စေရန် mask များ လှူဒါန်း ပေးပြီး ကျေးလက်နေပြည်သူများ စားဝတ်နေရေးပြေလည်စေရန် အခြေခံစားသောက်ကုန်များ လှူဒါန်းပေးပြီး တစ်ပတ်တစ်ခါ သီးစုံဟင်း၊ တို့စရာ ၅ မျိုးနဲ့ ငပိရည်ကျိုများ လှူဒါန်းပေးလျက်ရှိ ကြောင်းလည်း ကျေးရွာသားတစ်ဦးထံမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ