နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ချုံချင့်မြို့မှ မြန်မာနိုင်ငံသို့ ကပ်ရောဂါတိုက်ဖျက်ရေးပစ္စည်းများ လှူဒါန်း

ရန်ကုန်၊ ဩဂုတ် ၁၅


ချုံချင့်မြို့ပြည်သူ့အစိုးရက မြန်မာနိုင်ငံသို့ လှူဒါန်းပေးအပ်သည့် ကပ်ရောဂါတိုက်ဖျက်ရေးပစ္စည်းများ ပို့ဆောင်သည့်အခမ်းအနားကို ချုံချင့်မြို့၌ ဩဂုတ် ၁၃ ရက်က ကျင်းပခဲ့ပြီးဖြစ်သည်။ ယခုအကြိမ် မြန်မာနိုင်ငံသို့ အရေးပေါ်လှူဒါန်းသည့် ကပ်ရောဂါကာကွယ်ရေးပစ္စည်းများတွင် အောက်ဆီဂျင်ထုတ်လုပ်သည့်စက် (Oxygen Concentrator)၊ ဆေးရုံသုံးနှာခေါင်းစည်း၊ ကာကွယ်ရေးဝတ်စုံ (PPE) ၊ ကာကွယ်ရေးအင်္ကျီစသည်တို့ပါဝင်ပြီး ချုံချင့်ပြည်သူများ က မြန်မာနိုင်ငံ ပြည်သူများအပေါ် နက်ရှိုင်းသည့်သံယောဇဉ်ကို ပေါ်လွင်စေပြီး တရုတ်-မြန်မာနှစ်နိုင်ငံ အပြန်အလှန်ဖေးမကူညီသည့်       အေးအတူပူအမျှ အသိုက်အဝန်းစိတ်ဓာတ်ကို ဖွင့်ဆိုလိုက်သည်။ 


ချုံချင့်မြို့သည် အနောက်ပိုင်း ကုန်း-ရေနှစ်သွယ် ကုန်သွယ် ရေးစင်္ကြံသစ်ကိုအမှီပြု၍ နယ်စပ်ဖြတ်ကျော်  ကုန်တင်ကား၏ အားသာချက်နှင့် လုပ်ဆောင်ချက်ကို အပြည့်အဝအသုံးပြု၍ တရုတ် နိုင်ငံနှင့် အာဆီယံစီးပွားရေးနှင့် ကုန်သွယ်ရေးကူးလူးဖလှယ်မှု နှင့် ကပ်ရောဂါတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး အတွက် ကြိုးပမ်းထမ်းဆောင်ခဲ့သည်။ မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံရုံးက ယခုအကြိမ် ချုံချင့်မြို့မှ မြန်မာနိုင်ငံသို့ ကပ်ရောဂါတိုက်ဖျက် ရေးပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့သည်နှင့်ပတ်သက်ပြီး  ကူညီ ဆောင်ရွက်ပေးခဲ့သည်။           (KKT)






အခြားဆက်စပ်သတင်းများ