နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လှိုင်မြစ်-လှော်ကား ရေအားဖြည့်စီမံကိန်းလုပ်ငန်းဆောင်ရွက်မှု မြို့တော်ဝန် ကြည့်ရှုစစ်ဆေး

ရန်ကုန်  ဩဂုတ်  ၁၄


ရန်ကုန်တိုင်းဒေသကြီး စည်ပင် သာယာရေးဝန်ကြီး ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန် ဦးညီညီ၊ အတွင်းရေးမှူး ဦးညွန့်ဖေ၊ ကော်မတီဝင် ဒေါက်တာဇော်ဝင်း၊ အင်ဂျင်နီယာဌာန (ရေပေးဝေရေးနှင့် သန့်ရှင်းမှု) ဌာနမှူး (ဒုတိယညွှန်ကြား ရေးမှူးချုပ်) ဦးမြင့်ဇော်သန်း၊ ရန်ကုန် တိုင်းဒေသကြီး စည်ပင်သာယာရေး အဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကြည်တင်နှင့် သက်ဆိုင်ရာတာဝန်ရှိ သူများ လိုက်ပါလျက် ယနေ့ နံနက်ပိုင်း က မှော်ဘီမြို့နယ် လှိုင်မြစ်-လှော်ကား ရေအားဖြည့်စီမံကိန်းလုပ်ငန်း ဆောင် ရွက်နေမှုများကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။


ရှေးဦးစွာ မြို့တော်ဝန်နှင့်အဖွဲ့ သည် နံနက် ၈ နာရီတွင် အမှတ် ၄ လမ်းဆုံသို့ ရောက်ရှိပြီး အင်ဂျင်နီယာ ဌာန (ရေပေးဝေရေးနှင့်သန့်ရှင်းမှု) မှ ဆောင်ရွက်နေသော ဖူးကြီး-လှော်ကား ၆၀ လက်မ သံကူကွန်ကရစ် ရေပို့ ပိုက်လိုင်းနှင့် ဆက်သွယ်မည့် 1600 mm HDPE ရေပို့ပိုက်လိုင်း ဆက်သွယ် ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။


ထိုမှတစ်ဆင့် မြို့တော်ဝန်နှင့်အဖွဲ့သည် မှော်ဘီမြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ ဆောင်ရွက်နေသော မှော်ဘီ-ပြည်လမ်းမဘေးရှိ ကျောက်စီရေမြောင်းပြုလုပ်ခြင်း လုပ်ငန်းခွင်သို့ရောက်ရှိရာ မှော်ဘီ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ၊ ဒုတိယ ညွှန်ကြားရေးမှူး ဦးသိုက်စိုးနှင့် တာဝန်ခံအင်ဂျင်နီယာ ဒေါ်သီတာ မြင့်တို့က လုပ်ငန်းဆောင်ရွက်မှုများ ရှင်းလင်းတင်ပြမှုအပေါ် မြို့တော်ဝန်မှ လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေး သည်။ အဆိုပါ ကျောက်စီရေမြောင်းသည် အရှည်ပေ ၅၅၅ ပေ၊ အကျယ် ၁၀ ပေ၊ အနက် ၆ ပေရှိပြီး မြို့တွင်းသန့်ရှင်းသာယာ လှပရေး၊ ရေစီးရေလာကောင်းမွန်စေရေးနှင့် ရေမြောင်းပိုမိုကြံ့ခိုင်မှု ရှိစေရေးအတွက် မြေသားမြောင်းအစား ကွန်ကရစ် ကျောက်စီ ရေမြောင်း တည်ဆောက်ခြင်းဖြစ်ကြောင်း၊ မှော်ဘီမြို့နယ် ရပ်ကွက် အတွင်းမှ စီးဆင်းသော ရေများနှင့် တောင်ကျရေများသည် မှော်ဘီ ချောင်းမှတစ်ဆင့် အဆိုပါ ကျောက်စီရေမြောင်းအား ဖြတ်သန်း၍ မြင်းစီးရိုးချောင်းသို့ စီးဆင်းပြီး ထိုမှတစ်ဆင့် လှိုင်မြစ်အတွင်းသို့ စီးဝင်လျက်ရှိကြောင်း သိရသည်။


ဆက်လက်၍ မြို့တော်ဝန်နှင့်အဖွဲ့သည် ပြည်လမ်းအတိုင်း လှိုင်မြစ်-လှော်ကား ရေအားဖြည့်စီမံကိန်း ရေတွန်းစက်ရုံအထိ 1600 mm HDPE ရေပို့ပိုက်လိုင်း ဆက်သွယ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ထိုမှတစ်ဆင့် မှော်ဘီမြို့နယ် ဆန်စပါးသုတေသနဌာန မြေနေရာဝင်းအတွင်း လှိုင်မြစ်-လှော်ကား ရေအားဖြည့်စီမံကိန်း ရေတွန်းစက်ရုံ တည်ဆောက်ရေးလုပ်ငန်းခွင်အတွင်း လုပ်ငန်းဆောင်ရွက်နေမှု များနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် သဲအိတ်များ စုဆောင်းပြင်ဆင်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး “လာမည့်နွေရာသီတွင် မြို့တော်ကြီးကို ရေဖူလုံစွာ ပေးဝေနိုင်ရန် သတ်မှတ်ချိန်အတွင်း စံချိန်စံညွှန်းပြည့်မီစွာဖြင့် ပြီးစီးအောင် ဆောင်ရွက်ရေး၊ ယခုစီမံကိန်းသည် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှု၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနကြီးသုံးခုမှ ပူးပေါင်းအကောင်အထည်ဖော်ခြင်းဖြစ်ရာ အချင်း ချင်း ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေး”တို့ကို မှာကြားပြီး လိုအပ် သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။


ထို့နောက် မြို့တော်ဝန်သည် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ နှင့်ပတ်သက်၍ ကြိုတင်သတိပြု ကာကွယ်နိုင်ရေးအတွက် လူသွားလူလာများသည့် နေရာများတွင် ပညာပေးပိုစတာစိုက်ထူနိုင် ရန်   ရန်ကုန်တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ထုတ်ဝေသည့် အသိပညာပေး ဗီနိုင်းပိုစတာများကို မှော်ဘီမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိထံသို့ လွှဲပြောင်းပေးအပ်သည်။ အဆိုပါဗီနိုင်း ပိုစတာမှာ အလျား ၉ ပေ အနံ ၈ ပေ ရှိ၍  ဩဂုတ် ၉ ရက် ကြေးမုံသတင်းစာပါ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲမှ ညွှန်ကြားရေး မှူး ဒေါက်တာခင်ခင်ကြီးနှင့် တွေ့ဆုံမေးမြန်းခန်း အစီအစဉ်ကို ပြန်လည်ဖော်ပြထားသော   ဆောင်းပါးရှင် ထက်လျှံရေးသားသည့် “ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ ဆောင်ရွက်ချက် များအကြောင်း သိကောင်းစရာ အစီအစဉ်” ဖြစ်ကြောင်း သိရသည်။ 


လှိုင်မြစ်-လှော်ကား ရေအားဖြည့်စီမံကိန်းသည် ရန်ကုန်မြို့နေ ပြည်သူများသို့ အဓိက သောက်သုံးရေပေးဝေလျက်ရှိသည့် လှော်ကားရေလှောင်ကန်ကြီးကို ရေသိုလှောင်မှုပမာဏ မလျော့ ကျစေရေးအတွက် မှော်ဘီမြို့နယ် လျှပ်စစ်မြစ်ရေတင် PS 1 နှင့် PS 2 မှ လှိုင်မြစ်ရေအားရယူပြီး ဖူးကြီးရေလှောင်ကန်မှ လှော်ကားရေလှောင်ကန်သို့ ရေဖြည့်တင်းလျက်ရှိသည့် အချင်း ၆၀ လက်မရှိ သံဖြူကွန်ကရစ် ရေပို့ပိုက်လိုင်းသို့ 1600mm HDPE ပိုက်ကို ချိတ်ဆက်၍ လှော်ကားရေလှောင်ကန်သို့ တစ်နေ့လျှင် ရေဂါလန် သန်း ၆၀ ဖြည့်တင်းပေးမည့် စီမံကိန်းဖြစ်ကြောင်း၊ စီမံကိန်းကို ၂၀၂၁ ခုနှစ် မေလမှ စတင်ဆောင်ရွက်ခဲ့ရာ ၂၀၂၂ ခုနှစ် မတ်လကုန်တွင် ပြီးစီးရန် လျာထားသော်လည်း ဖေဖော်ဝါရီလ အတွင်း ပြီးစီးရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုအခါ လှိုင်မြစ် ဘေး ကန်ကလေးလျှပ်စစ်မြစ်ရေတင် ရေယူအဆောက်အအုံမှ မြေသားမြောင်း အရှည် ၅ ဒသမ ၅ မိုင် တူးဖော်ခြင်းလုပ်ငန်း ၆၅ ရာခိုင်နှုန်း၊ အကျယ်အဝန်း ၅၆၀၁၈၂ စတုရန်းပေနှင့် အနက် ၁၀ ပေရှိ မြေသားအကြိုအနည်ထိုင်ကန် တည်ဆောက်ခြင်း ၉၀ ရာခိုင်နှုန်း၊ အလျား ၁၂၄ ပေ၊ အကျယ် ၁၀၀ ပေရှိ ရေတွန်းစက်ရုံ တည်ဆောက်ရန် ဘိုးပိုင်လုပ်ငန်း ၁၀၀ ရာခိုင်နှုန်းနှင့် 1600mm HDPE ပိုက်လိုင်းအရှည် ၃ ဒသမ ၂ မိုင် ဆက်သွယ်ခြင်းလုပ်ငန်း ၂၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်းနှင့် လာမည့်နွေရာသီတွင် လှော်ကား ရေလှောင်ကန်မှတစ်ဆင့် ရန်ကုန်မြို့ကို သောက်သုံးရေ ဖူလုံစွာ ဖြန့်ဖြူးပေးနိုင်ရန် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

သတင်း-သွင်မောင်မောင်၊ ဓာတ်ပုံ-ကျော်သူထက်






အခြားဆက်စပ်သတင်းများ