နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စာသင်တိုက်များနှင့် သီလရှင်ကျောင်းများကို ဌာနဆိုင်ရာများ စုပေါင်း၍ ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း

မင်းဘူး၊ ဩဂုတ် ၁၄


မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် မင်းဘူးမြို့ရှိ စာသင်တိုက်များနှင့် သီလ ရှင်ကျောင်းများအတွက် ဝါတွင်းကာလ နှင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားချိန်ကာလ အတွင်း ဆွမ်း၊ ကွမ်းသပ်ဘာရ ပြည့်စုံ နိုင်စေရန် ရည်ရွယ်၍ ဌာနဆိုင်ရာများ စုပေါင်းပြီး ဆွမ်းဆန်တော်နှင့် လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းကို ဩဂုတ် ၁၃ ရက် နံနက်ပိုင်းက ကျောင်း တိုက်များကို သွားရောက်လှူဒါန်းခဲ့ ကြောင်း သိရသည်။


ထိုသို့သွားရောက်လှူဒါန်းရာတွင် စာသင်တိုက်ဘုန်းတော်ကြီးကျောင်း သုံးကျောင်းနှင့်   သီလရှင်ကျောင်း တစ်ကျောင်းတို့အတွက်  တစ်ကျောင်း လျှင် ဆန်လေးအိတ်နှုန်း၊  ဆီငါးပိဿာဘူး  တစ်ဘူး၊  ကြက်ဥ အလုံး   ၃၀ ပါ ငါးကတ်၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးသုံး  ပစ္စည်းများနှင့်လှူဖွယ် ပစ္စည်းများနှင့်    ခရိုင်/မြို့နယ်ဌာန ဆိုင်ရာ  တာဝန်ရှိသူများက  သွားရောက် လှူဒါန်းခဲ့ကြပြီး  လှူဒါန်းမှုအစုစုတို့ အတွက် အမျှအတမ်းများ ပေးဝေခဲ့ကြ သည်။


"မင်းဘူးမြို့မှာရှိတဲ့ စာသင်တိုက်၊ ဘုန်းတော်ကြီးကျောင်းတွေနဲ့ သီလရှင် ဆရာလေးတွေအတွက် ဝါတွင်းကာလ ဖြစ်တာကြောင့်ရယ် ကိုဗစ်-၁၉ ရောဂါ ကူးဆက်ပျံ့နှံ့မှု  ဖြစ်ပွားချိန်ကာလ အတွင်းမှာ  ဆွမ်း၊  ကွမ်း၊  ဆေး၊ ဝေယျာဝစ္စ အခက်အခဲမရှိ ပြည့်စုံနိုင်စေ ဖို့ ရည်ရွယ်ပြီးတော့ ဌာနဆိုင်ရာများ စုပေါင်းကာ ဆွမ်းဆန်တော်နဲ့ လှူဖွယ် ပစ္စည်းများကို ဆက်ကပ်လှူဒါန်းရခြင်း ဖြစ်ပါတယ်"ဟု ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက ပြောသည်။


အဆိုပါ စာသင်တိုက်ဘုန်းတော်ကြီး ကျောင်းများနှင့် သီလရှင်ကျောင်းများ အတွက် ဌာနဆိုင်ရာများ စုပေါင်း၍လစဉ် ဆက်လက်လှူဒါန်းပေးသွားမည်ဖြစ် ကြောင်း  သိရသည်။   

မောင်မောင်(မင်းဘူး)






အခြားဆက်စပ်သတင်းများ