နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြိုင်ဆိုင်နေသော ခေတ်

၂၁ ရာစုခေတ်ကြီးသည် အရာရာ နေ့ချင်း၊ ညချင်း တိုးတက် ပြောင်းလဲနေသော ခေတ်မြန်ကြီးပင်ဖြစ်၏။ တိုးတက် မြန်ဆန် ရခြင်း၏ အဓိကအကြောင်းအရင်းမှာ ကမ္ဘာအရပ်ရပ်တို့တွင် ပြိုင်ဆိုင်မှု ကြီးထွားလာခြင်းကြောင့် ဖြစ်သည်။


လောက၌ကောင်းသော ယှဉ်ပြိုင်မှုတိုင်းသည် တိုးတက် ကြကုန်၏။ အကောင်းကိုယှဉ်ပြိုင်သော အရာဟူသမျှသည် အကောင်းကိုဖြစ်စေ၏။ နိုင်ငံတစ်နိုင်ငံတွင်  အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးခြင်းသည် လူတစ်ဦးချင်း၊ မိသားစုတစ်စုချင်း၊ လူမှုစီးပွားဘဝ တိုးတက်လာရုံသာမက နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်လည်း များစွာအထောက်အကူပြု လျက်ရှိပေသည်။


တစ်နည်းအားဖြင့် ပြည်သူလူထု၏ ဆင်းရဲမှုကိုလျှော့ချပေး ခြင်း ဖြစ်သည်။ ယနေ့ခေတ်တွင် ပြိုင်ဆိုင်ခြင်းသည် ပြိုင်ဆိုင်သူ များကိုသာ အကျိုးဖြစ်စေသည်မဟုတ်။ ပြည်သူလူထုကိုလည်း ကောင်းစေ၏။ သို့သော်ပြိုင်ဆိုင်တုပခြင်းကို အတွေးသစ်၊ အကြံသစ်တို့ဖြင့် သာလွန်ကောင်းမွန်အောင် ဆောင်ရွက်ကြ ရမည် ဖြစ်ပေသည်။


ပြိုင်ဆိုင်တုပခြင်းသည် အတုအဆင့်၌ရှိ၍ အစစ်ဖြစ်မလာ နိုင်ပါ။ အခြေခံအတုကို အကြောင်းပြု၍ ကိုယ်ပိုင်ဖန်တီးမှ အစစ် ဖြစ်လာနိုင်ပေသည်။ ရှိရင်းစွဲကိုအခြေခံပြီး ပိုမိုကောင်းမွန် အောင် ပြန်လည်မွမ်းမံရပါသည်။  ပြိုင်ဆိုင်တုပခြင်းတွင် တီထွင်မွမ်းမံခြင်းမရှိက အစစ်မဖြစ်နိုင်တော့ပါ။


နယ်ပယ်တစ်ခုတွင် သုတေသနရလဒ်တစ်ခုသည် နှစ်ပေါင်း များစွာ အကျိုးပြုနိုင်ပေသည်။ သုတေသနရလဒ်ဆိုသည်မှာ သဘာဝတရားတွင် တိမ်မြုပ်နေသော စွမ်းရည်တစ်ခုကို လူသား အကျိုးပြုဖြစ်လာအောင် စွမ်းဆောင်ခြင်းပင်ဖြစ်သည်။ ၎င်းအပေါ် ဆင့်ကာဆင့်ကာ  သုတေသနပြုခြင်းဖြင့်  လူ့ လောကသည်   အံ့ဩဖွယ်ပြောင်းလဲသွားနိုင်ပေသည်။


နိုင်ငံတစ်နိုင်ငံ၏ လူမျိုး၊ ဘာသာ၊ စာပေ၊ ယဉ်ကျေးမှု စသည်တို့သည် ထိုနိုင်ငံ၏  ဂုဏ်ဒြပ်များပင်ဖြစ်သည်။ တန်ဖိုးမဖြတ်နိုင်သော ရတနာများ ဖြစ်သည်။ စာပေသည် တိုင်းပြည်နှင့်လူမျိုး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါ သည်။ ဤလောက၌ ကောင်းသောပြိုင်ဆိုင်မှုဖြင့် ရောင်းဝယ် ဖောက်ကား၊ ကောင်းသောပြိုင်ဆိုင်မှုဖြင့် လုပ်ကိုင်ခြင်းဖြင့် တိုးတက်မှုကို ရှာဖွေစေချင်ကြောင်း။    ။






အခြားဆက်စပ်သတင်းများ