နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုဗစ်-၁၉ ရောဂါရှိသူ မိခင်မှ ကလေးသုံးမြွှာပူး မွေးဖွားသည့်ဖြစ်စဉ် တရုတ်တွင် ဖြစ်ပွား

ကူမင်း၊  ဩဂုတ် ၁၄


ကိုဗစ်-၁၉ ရောဂါရှိသော ကိုယ်ဝန် ဆောင်မိခင်တစ်ဦးသည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်းနယ်စပ် ရွှေလီမြို့ ရှိ သတ်မှတ်ထားသော ဆေးရုံ၏ ကွာရန် တင်းဧရိယာ၌ ကလေးသုံးမြွှာပူးမွေးဖွား ခဲ့ကြောင်း ယူနန်ပြည်နယ် ကျန်းမာရေး ကော်မရှင်က ထုတ်ပြန်သည်။ 


ယင်းဖြစ်ရပ်မှာ တရုတ်နိုင်ငံတွင် ပထမဆုံးဖြစ်ပြီး မွေးကင်းစကလေးငယ် များ၏ ပထမဆုံး nucleic acid စစ်ဆေးမှုများမှာလည်း ရေမွှာအရည်၊ အာခေါင်တို့ဖတ်များနှင့် အစာချေအ ရည်များမှနမူနာများရယူခဲ့ရာ အားလုံး တွင်  ရောဂါပိုးမတွေ့ရှိကြောင်း သိရ သည်။ 


သုံးမြွှာပူးမွေးဖွားခဲ့သော အသက် ၂၉ နှစ်အရွယ် တရုတ်နိုင်ငံ အနောက် တောင်ပိုင်း ယူနန်ပြည်နယ်တွင် ဇူလိုင် ၉ ရက်က ကိုဗစ်-၁၉ အတည်ပြုလူနာ အဖြစ် ဆေးရုံတက်ရောက်ခဲ့ချိန်တွင် ကိုယ်ဝန် ၂၈ ပတ်ရှိနေပြီဖြစ်ရာ ဗဟို အစိုးရ၊ ပြည်နယ်ဆိုင်ရာနှင့် မြူနီစီပယ် အဆင့်မှ ဦးဆောင် ဆရာဝန် ၃၂ ဦး ပါဝင်သော ကျန်းမာရေးအဖွဲ့ကို ရွှေလီ မြို့ သို့ အဆောတလျင်စေလွှတ်ခဲ့ကာ ယင်း မိခင်ကို အချိန်မတိုင်မီ မွေးဖွားမှုမှ ကာကွယ်ရေးကုသမှု အစီအစဉ်ကို အ ထူးကြီးကြပ် ဆောင်ရွက်ခဲ့ကြခြင်းဖြစ် သည်။ 


လက်ရှိတွင် အဆိုပါသုံးမြွှာပူးကလေး ငယ်များကို တည်တည်ငြိမ်ငြိမ် အသက် ရှူနိုင်ရန်နှင့် ယင်းတို့၏ကြီးထွား မှု၊ ဖွံ့ဖြိုးမှုတိုးတက်စေရန် အာဟာရကျွေး မွေးခြင်းအစီအစဉ်များကို လုပ်ဆောင် နေ ကြောင်း သိရသည်။ 

မျိုးဝင်း (ref; Xinhua)






အခြားဆက်စပ်သတင်းများ