နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာဖဂန်နစ္စတန် မှ အမေရိကန်နိုင်ငံသားများ အမြန်ဆုံးထွက်ခွာကြရန် သံရုံးထပ်မံသတိပေး

ကဘူးလ်၊  သြဂုတ် ၁၄ 


အာဖဂန်နစ္စတန်နိုင်ငံရှိ အမေရိကန် နိုင်ငံသားများကို ချက်ချင်းထွက်ခွာကြ ရန် အမေရိကန်သံရုံးက အလျင်အမြန် ထပ်မံတိုက်တွန်းလိုက်သည်။ 


တာလီဘန်တပ်ဖွဲ့များအနေဖြင့် မြို့တော်ကဘူးလ်အနီးရှိ မဟာဗျူဟာ မြောက်မြို့ကြီးတစ်ခုကို သိမ်းပိုက်ခဲ့ပြီး နောက် သံရုံးဝန်ထမ်းများ ထွက်ခွာနိုင် ရေး အကူအညီပေးရန် တပ်များစေလွှတ် ထား ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောသည်။ 


ငွေရေးကြေးရေး  အခက်အခဲနှင့် အခြားအကြောင်းများကြောင့် အာဖဂန် နစ္စတန်နိုင်ငံမှ ချက်ခြင်းထွက်ခွာရန် အခက်အခဲရှိသည့် အမေရိကန်နိုင်ငံ သားများကိုလည်း အကူအညီပေးရန် အမေရိကန်သံရုံးက တိုက်တွန်းထား သည်။ 


တစ်ဆက်တည်းမှာပင်  လုံခြုံရေး အခြေအနေများနှင့်   သံရုံးဝန်ထမ်း အရေအတွက် လျော့ချထားသည့်အ တွက် ကာဘူးမြို့တော်မှာပင် အကူအညီ ပေးရန် အကန့်အသတ်များရှိနေကြောင်း သိရသည်။


 ကဘူးလ်တွင် အကြမ်းဖက်မှုများ တိုးလာနေခြင်းကြောင့် အမေရိကန် အစိုးရဝန်ထမ်းများအနေဖြင့် အတတ် နိုင်ဆုံး သံရုံးအပြင်တွင်သာ အလုပ် လုပ်ကြရန် ပြီးခဲ့သည့်ဧပြီလကတည်း က ညွှန်ကြားထားသည်။ 

ရဲခေါင် (ref; Reuters)






အခြားဆက်စပ်သတင်းများ