နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရုရှား အသံနည်းပညာသုတေသနဌာန၏ အကြီးအကဲကို သစ္စာဖောက်မှုဖြင့် ဖမ်းဆီး

မော်စကို၊ ဩဂုတ်  ၁၄ 


ရုရှားလုံခြုံရေးအေဂျင်စီက ဟိုက်ပါဆိုးနစ် (အသံထက်မြန်သော အသံနည်း ပညာ) သုတေသနအထူးကျွမ်းကျင်သူ အသက် ၇၃ နှစ်အရွယ် အမျိုးသားတစ်ဦးကို သစ္စာဖောက်မှု သံသယဖြင့် ဖမ်းဆီးခဲ့ကြောင်း နိုင်ငံပိုင် TASS သတင်းဌာနက ထုတ် လွှင့်ခဲ့သည်။ 


သံသယရှိသူ အလက်ဇန်းဒြားကူရ်နောဗ့်ကို မော်စကိုတွင် ဖမ်းဆီးခဲ့ပြီး ယခု ရက်သတ္တပတ်တွင် ရုံးတင်စစ်ဆေးမည်ဖြစ်ကာ Federal Security Service (FSS) က သူ့ကို နှစ်လချုပ်နှောင်ထားရန်လိုကြောင်း တရားရေး သတင်းရင်း မြစ်တွင် ဖော်ပြထားသည်။   စိန့်ပီတာစဘတ်ချ်အခြေစိုက် ဟိုက်ပါဆိုးနစ် သုတေသနဌာန၏ ဒါရိုက်တာချုပ်မှာ အသံထက်မြန်သည့် ဟိုက်ပါဆိုးနစ် နည်း ပညာကို အထူးကျွမ်းကျင်သူဖြစ်ပြီး Ayaks ဟုခေါ်သော  အသံထက်မြန်သော လေယာဉ်သစ်အတွက် ကြီးကြပ်သူဖြစ်ကြောင်း သိရသည်။ 


ဖမ်းဆီးထိန်းသိမ်းခံရသူသည် အချိန်ကြာမြင့်စွာလုပ်ဆောင်ခဲ့သော မြန်နှုန်း မြင့်နည်းပညာသုတေသနအကြောင်း နိုင်ငံခြားသားတစ်ဦးထံသို့ လျှို့ဝှက်သတင်း အချက်အလက်များ လွှဲပြောင်းပေးခဲ့ကြောင်း သံသယရှိခံရသဖြင့် ဖမ်းဆီးခဲ့ရခြင်းဖြစ် ကြောင်း သတင်းမီဒီယာများတွင် ဖော်ပြထားသည်။ ဟိုက်ပါဆိုးနစ် နည်းပညာမှာ အရာဝတ္ထုများကိုအသံ၏အမြန်နှုန်းထက် ပိုမိုမြန်ဆန်စွာသွားလာစေသည့် လေ ကြောင်းသွားလာရေးစနစ်ဖြစ်သည်။ 

မျိုးဝင်း (Ref : Reuters)






အခြားဆက်စပ်သတင်းများ