နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘိုင်ဒင်အစိုးရ၏ ၃ ဒသမ ၅ ထရီလျံ ဘတ်ဂျက် အမေရိကန်ဆီးနိတ်ကို ဖြတ်ကျော်

ဝါရှင်တန်၊  ဩဂုတ်  ၁၃   


အမေရိကန် အထက်လွှတ်တော်က ဗုဒ္ဓဟူးနေ့အစောပိုင်းတွင် ဒေါ်လာ ၃ ဒသမ ၅ ထရီလီယံရှိ ဘတ်ဂျက်ဆုံးဖြတ် ချက်ကို အတည်ပြုခဲ့ပြီး ဒေါ်လာ ၁ ဒသမ ၂ ထရီလီယံ အခြေခံအဆောက် အအုံအစီအစဉ်ကို ပါတီနှစ်ခုစလုံးက အတည်ပြုသည်။


ယခု ဘတ်ဂျက်အစီ အစဉ်ကို ၁၄ နာရီကြာ အချေအတင် ဆွေးနွေးပြီးနောက် အထက်လွှတ်တော် ဒီမိုကရက်များက ရီပတ်ဘလီကန် အထက်လွှတ်တော် အမတ်များထောက် ခံမှုမပါဘဲ ၅၀ မဲ ၄၉ မဲဖြင့် အတည်ပြု ခဲ့ခြင်းဖြစ်သည်။ 


ကော်မတီများကို ရေးဆွဲခွင့်ပြုသည့် အစီအမံဥပဒေကြမ်းတွင် ကျန်းမာရေး စောင့်ရှောက်မှု၊ ဈေးသက်သာသော အိမ်ရာများ၊ လစာပေးခွင့်၊ ပညာရေး၊ ကလေးစောင့်ရှောက်ရေးနှင့် ရာသီ ဥတုပြောင်းလဲမှုဆိုင်ရာ အစုအဖွဲ့များ အတွက်ဒေါ်လာ ၃ ဒသမ ၅ ထရီလျံ သုံးစွဲလိမ့်မည်ဖြစ်ပြီး ဒီမိုကရက်တစ် များက ၂၁ ရာစုအတွက် ကျခံသည့် အခြေခံအဆောက်အအုံများ စီမံချက် အဖြစ် နားလည်ထားကြသည်။ 


အစောပိုင်းက ပါတီနှစ်ခုစလုံး သဘောတူညီခဲ့သည့် ဒေါ်လာ ၁ ဒသမ ၂ ထရီလီယံရှိ အခြေခံ အဆောက်အအုံ စီမံကိန်းမှာ အထက်လွှတ်တော်တွင် ၆၉-၃၀ မဲဖြင့် အတည်ပြုခဲ့ပြီး ထိုဥပဒေ ကြမ်းအရ ရန်ပုံငွေအသစ် ဒေါ်လာ ၅၅၀ ဘီလျံနှင့်ရှိပြီးသား  သယ်ယူပို့ဆောင် ရေးကို အသစ်ပြန်လည်စီမံလုပ်ဆောင် ခြင်းတို့ ပါဝင်သည်။ 


ဥပဒေကြမ်းနှစ်ခုစလုံးသည် သမ္မတ ဂျိုးဘိုင်ဒင်အတွက်ထိပ်တန်းဦးစားပေးများဖြစ်ပြီး ဒီမိုကရက်များက ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီအထိ လွှတ်တော်နှစ်ရပ်စလုံး ၌ အမတ်နေရာအများစုကို အနိုင်ရထား သည်။

ရဲခေါင် (ref; BBC)






အခြားဆက်စပ်သတင်းများ