နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိန္ဒိယနိုင်ငံသားများကို အာဖဂန်နစ္စတန်မှ ချက်ချင်းထွက်ခွာရန် အကြံပြု

နယူးဒေလီ၊  ဩဂုတ် ၁၃  


စစ်မက်ဖြစ်ပွားမှု ဒဏ်ခံစားနေရ သော အာဖဂန်နစ္စတန်နိုင်ငံတွင် အကြမ်း ဖက်မှုများအရှိန် မြင့်တက်လာသဖြင့် အိန္ဒိယနိုင်ငံအစိုးရက နိုင်ငံသားများကို ယင်းနိုင်ငံမှ ချက်ချင်းထွက်ခွာရန် အကြံ ပြုထားကြောင်း သိရသည်။ 


အာဖဂန်နစ္စတန်နိုင်ငံသို့ ရောက် ရှိနေသည့် အိန္ဒိယနိုင်ငံသားများအား လုံးအနေဖြင့်   အာဖဂန်နစ္စတန်နှင့် အိန္ဒိယနိုင်ငံကြား စီးပွားရေးလုပ်ငန်းသုံး လေကြောင်းပျံသန်းမှုများ မရပ်တန့်မီ မိခင်နိုင်ငံသို့ပြန်ရေးအတွက် အရေးပေါ် အစီအစဉ်များဆောင်ရွက်ကြရန် ကဘူးလ် မြို့ရှိ အိန္ဒိယနိုင်ငံသံရုံးမှတစ်ဆင့် ပေးပို့ သော အကြံပြုချက်တွင် နိုင်ငံခြားရေး ဝန်ကြီးဌာနက မေတ္တာရပ်ခံထားသည်။ အာဖဂန်နစ္စတန်နိုင်ငံတွင် လုပ်ငန်းလည် ပတ်နေသော အိန္ဒိယကုမ္ပဏီများအနေ ဖြင့်လည်း လေကြောင်းခရီးသွားဝန် ဆောင်မှုများရပ်ဆိုင်းခြင်းမပြုမီ အာဖ ဂန်နစ္စတန်ရှိ ပရောဂျက်လုပ်ငန်းများမှ အိန္ဒိယဝန်ထမ်းများကို ချက်ချင်းထွက် ခွာကြရန်လည်း အခိုင်အမာ အကြံပြု ထားကြောင်း ထုတ်ပြန်ချက်က ဆို သည်။ 


ထို့ပြင် အိန္ဒိယအစိုးရကလည်း အိန္ဒိယမီဒီယာဝန်ထမ်းများကို အာဖဂန် နစ္စတန်တွင်ရှိနေပါက အိန္ဒိယသံရုံးနှင့် ဆက်လက် ဆက်သွယ်ထားရန်နှင့် ၎င်းတို့ ခရီးသွားရောက်ရာနေရာအတွက် အကြံဉာဏ်တောင်းခံရန် ထုတ်ပြန် ချက်၌ အကြံပြုထားသည်။

မျိုးဝင်း (ref; Xinhua)






အခြားဆက်စပ်သတင်းများ