နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရုတ်နိုင်ငံအလယ်ပိုင်း ဟဲနန်ပြည်နယ်၌ ကမ္ဘာ့ရှေးအကျဆုံး ဒင်္ဂါးသွန်းအလုပ်ရုံနေရာ တူးဖော်တွေ့ရှိ

ကျိန့်ကျိုး၊  ဩဂုတ် ၁၂  


တရုတ်နိုင်ငံအလယ်ပိုင်း ဟဲနန် ပြည်နယ်တွင် သက်တမ်းအားဖြင့် လွန် ခဲ့သော နှစ်ပေါင်း ၂,၅၀ဝခန့်က တည်ရှိ ခဲ့သည့် ကမ္ဘာ့ရှေးအကျဆုံး ဒင်္ဂါးသွန်း အလုပ်ရုံနေရာကို   တူးဖော်တွေ့ရှိခဲ့ ကြောင်း သိရသည်။ 


ရေဒီယို ကာဗွန်နည်းပညာအသုံး ပြု၍  တရုတ်နိုင်ငံ ရှေးဟောင်း သုတေသန ပညာရှင်များက ဟဲနန်ပြည်နယ် မြို့ တော် ကျိန့်ကျိုး(Zhengzhou) အ နောက်ဘက်ပိုင်း Xingyang မြို့ရှိ Guanzhuang မြို့ပျက်တွင် ရှေးခေတ် ကြေးသွန်းအလုပ်ရုံတစ်ခုကို တူးဖော် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ယင်းမှာခရစ်တော် မပေါ်မီ ( ၆၄၀-၅၅၀ ဘီစီ) ခန့်က လုပ်ကိုင်ခဲ့သည့် အဆင့်မီ သတ္တု ဒင်္ဂါး ပြားသွန်းလုပ်ရန် စတင်ခဲ့သော နေရာ ဖြစ်ကြောင်းနှင့် ကမ္ဘာပေါ်တွင် ရှေး အကျဆုံး ဒင်္ဂါးသွန်း အလုပ်ရုံကြီးအဖြစ် လုပ်ကိုင်ခဲ့သော နေရာဖြစ်ကြောင်း သိ ရသည်။


တူးဖော်မှုများ  ဆက်လက်လုပ် ဆောင်နေစဉ်အတွင်းမှာပင် ယင်း နေရာ၌ အပြင်သားပုံစံခွက်အပြင် အသုံး မပြုရသေးသော ၊ အသုံးပြုပြီးသောဒင်္ဂါး သွန်းပုံစံခွက်များအပါအဝင် ဒင်္ဂါးသွန်း လုပ်ရာ၌ အသုံးပြုသည့် ဆက်စပ်ပစ္စည်း လေးမျိုးကို    ရှာဖွေတွေ့ရှိခဲ့ကြောင်း ကျိန့်ကျိုးတက္ကသိုလ်မှ ရှေးဟောင်း သုတေသနဌာန ပါမောက္ခ Han Guohe က ဆိုသည်။ 


ထို့ပြင်  ရှေးဟောင်းသုတေသန ပညာရှင်များသည် ယင်းနေရာ၌ ကြေး ထည်အပိုင်းအစများ စွန့်ပစ်သည့်ကျင်း ဟောင်းများစွာကိုလည်း တူးဖော်တွေ့ရှိ ခဲ့ကြောင်း ၊ အဆိုပါကျင်းဟောင်းများအ နက်တစ်ကျင်းတွင် သွန်းလုပ်ထားပြီး သော သတ္တုဒင်္ဂါးပြား နှစ်ပြားကိုလည်း တွေ့ရှိခဲ့ရကြောင်း သိရသည်။ 


အဆိုပါဒင်္ဂါးများသည် နွေဦးနှင့် ဆောင်းဦးကာလ (၇၇၀-၄၇၆ ဘီစီ) နှင့် ပြည်ထောင်အချင်းချင်း စစ်မက်ကာလ   (၄၇၅-၂၂၁ ဘီစီ) ခေတ်က ငွေကြေး အဖြစ် လည်ပတ်အသုံးပြုခဲ့သည့် တရုတ် နိုင်ငံ၏ အစောဆုံး သတ္တုဒင်္ဂါးပြားများဟု ယူဆရကြောင်း Guanzhuang မြို့ ဟောင်းနေရာ တူးဖော်ရှာဖွေရေး ရှေး ဟောင်းသုတေသန အဖွဲ့ခေါင်းဆောင် Gao Xiangping ၏ ပြောကြားချက်အရ သိရသည်။

မျိုးဝင်း (ref; Xinhua)






အခြားဆက်စပ်သတင်းများ