နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမေရိကန် စစ်ဘက်ဝန်ထမ်းအားလုံး ကိုဗစ်ကာကွယ်ဆေး မဖြစ်မနေထိုးရမည်

ဝါရှင်တန်၊  သြဂုတ် ၁၂ 

မေရိကန် စစ်ဘက်ဝန်ထမ်းများ အားလုံး လာမည့် စက်တင်ဘာလက စပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မဖြစ် မနေထိုးကြရမည်ဖြစ်ပြီး ပင်တဂွန် စစ်ဌာနချုပ်၏   ချမှတ်ပြင်ဆင်မှုကို သမ္မတ ဘိုင်ဒင်က သဘောတူထောက်ခံ လိုက်သည်။ 


စစ်ဘက်အဆင်သင့်ရှိမှုကို  ထိန်း သိမ်းထားနိုင်ရေးအတွက် ကာကွယ် ဆေးထိုးခြင်းသည် လိုအပ်သည့်အဆင့် တစ်ခုဖြစ်ကြောင်း ပင်တဂွန်စစ်ဌာနချုပ် ထိပ်တန်းခေါင်းဆောင်များက  ပြော သည်။ အမေရိကန်ရောဂါ ကာကွယ် ရေးနှင့် ထိန်းချုပ်ရေးဌာနမှ ကာကွယ် ဆေးကို နောက်ဆုံးအတည်ပြုချက်ရယူ နေစဉ်အတွင်းကူးစက်နှုန်းက ဆက်ပြီး တက်နေမည်ဆိုပါက မူလသတ်မှတ် ထားသည့် စက်တင်ဘာလဝက်တွင် စပြီးထိုးရန်သတ်မှတ်ချိန်မှာ ရှေ့တိုး လာနိုင်ကြောင်း ကာကွယ်ရေးဝန်ကြီး Lloyd Austin ကပြောသည်။ 


လက်ရှိအချိန်အတောအတွင်း ဈေး ဝယ်ခြင်း၊ အားလပ်ရက် အပန်းဖြေရန် သို့မဟုတ် အလည်အပတ်အနေဖြင့် အမေရိကန်နိုင်ငံသားများသည် နယ် စပ်ဖြတ်ပြီး ကနေဒါနိုင်ငံအတွင်း ဝင် ရောက်မှုများ ပိတ်ပင်ထားခြင်းတို့ကို ကနေဒါအစိုးရက ပြန်ရုပ်လိုက်သော် လည်း အမေရိကန်ဘက်ကမူ ကနေဒါ နိုင်ငံသားများကို ကန့်သတ်ထားဆဲပင် ဖြစ်သည်။               ရဲခေါင် (ref; AFP)







အခြားဆက်စပ်သတင်းများ