နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လိင်ပိုင်းဆိုင်ရာစော်ကားမှုဖြင့် နယူးယောက်မြို့တော်ဝန်ရာထူးမှ နုတ်ထွက်

နယူးယောက်၊  ဩဂုတ် ၁၂ 


လိင်ပိုင်းဆိုင်ရာ စော်ကားနှောက် ယှက်မှုစွပ်စွဲချက်နှင့် အခြားသောနိုင်ငံ ရေးသမားများက ယင်းကိစ္စအပေါ်စုံစမ်း စစ်ဆေးမှုပြုလုပ်ရန် ဖိအားပေးမှုများ ဖြင့်  ကြုံတွေ့နေရစဉ်အတွင်းမှာပင် နယူးယောက်မြို့တော် အုပ်ချုပ်ရေးမှူး အင်ဒရူးကိုမို(Andrew Cuomo) သည် ၎င်းအနေဖြင့် ရာထူးမှ နုတ်ထွက်လိုက်ပြီ ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ သည်။


 ကိုမို၏ ရာထူးမှ နုတ်ထွက်မှု သည် ၁၄ ရက်အတွင်း အသက်ဝင်မည် ဖြစ်ကြောင်းနှင့် ၎င်း၏ ပြည်နယ်အုပ် ချုပ်ရေးမှူးရာထူး ကျန်ရှိနေသောသက် တမ်းအတွက် ဒုတိယ ပြည်နယ်အုပ် ချုပ်ရေးမှူး Kathy Hochul က လွှဲ ပြောင်း တာဝန်ယူသွားမည်ဖြစ်ကြောင်း သိရ သည်။ 


နယူးယောက်    လွှတ်တော် အစည်းအဝေးက ကိုမိုအား လိင်ပိုင်း ဆိုင်ရာ  စော်ကားနှောက်ယှက်မှုနှင့် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားနေစဉ် ပြုစုစောင့်ရှောက်ရေး ဂေဟာများနှင့် ပတ်သက်၍ မှားယွင်းစွာပြုမူဆောင် ရွက်ခဲ့မှုတို့ဖြင့် စွပ်စွဲပြစ်တင်ရန်လုပ် ဆောင်လျက်ရှိပြီး ကိုမိုက ထိုအချက်ကို ငြင်းဆိုထားသည်။ 

နယူးယောက်    လွှတ်တော် အစည်းအဝေးလက်အောက်ရှိ တရားစီ ရင်ရေးကော်မတီက ယင်းစွပ်စွဲမှုများနှင့် ပတ်သက်၍ သက်သေခံချက်များအပေါ် ခုခံချေပရန်အတွက် ကိုမိုအနေဖြင့် ၎င်းကိုယ်တိုင် ယခုသောကြာနေ့တွင် လာရောက်ထွက်ဆိုရန် ရက်သတ်မှတ် ပေးထားသည်။

ရဲခေါင် (ref; Reuters)







အခြားဆက်စပ်သတင်းများ