နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဖန်လုံအိမ်ဓာတ်ငွေ့နှင့် ဂေဟစနစ်ထိန်းသိမ်းရေး

ရာသီဥတုပြောင်းလဲမှုများတွင် ကမ္ဘာတစ်ဝန်း သစ်တောများ ပြုန်းတီးလာသည့်အလျောက် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ နှင့် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု  များပြားလာခြင်းစသည့် အကြောင်းရင်းများကြောင့်ဖြစ်သည်။


ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့သည် ၁၉၇၀ ပြည့်နှစ်မှ ၂၀၀၀ ပြည့်နှစ်အတွင်း နှစ်ဆနီးပါးမြင့်တက်လာရာမှ ၂၀၀၀ ပြည့် နှစ်မှ ၂၀၁၀ ပြည့်နှစ်အတွင်း နှစ်စဉ်ပျမ်းမျှ ၂ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အစိုးရချင်း ဖွဲ့စည်းထားသော အဖွဲ့အစည်းက ထုတ်ပြန်သတိပေးထားသည်။


ကုလသမဂ္ဂ၏ ဥတုရာသီပြောင်းလဲမှုဆိုင်ရာ နိုင်ငံတကာအဖွဲ့ က ထုတ်ပြန်သည့်အစီရင်ခံစာတွင် လူသားများ၏လုပ်ရပ်ကြောင့် ရာသီဥတုဖောက်ပြန်လာခြင်းမှာ ငြင်း၍မရသလို ကမ္ဘာ့အပူချိန် သည် တိုးလာလျက်ရှိသည်။ နောင်တွင် အပူချိန်တိုးလာမှုကြောင့် ရေခဲလွှာများ အရည်ပျော်ခြင်း ပင်လယ်ရေမြင့်တက်လာခြင်းတို့ ကြုံတွေ့လာနိုင်သည်။ 


လက်ရှိအခြေအနေတွင် ကမ္ဘာတစ်ဝန်း ဖန်လုံအာနိသင် ဓာတ်ငွေ့များ ထုတ်လွှတ်မှုသည် လျင်မြန်စွာမြင့်တက်နေလျက် ရှိကြောင်း ကမ္ဘာတစ်ဝန်းက အစီအမံများပြုလုပ် ထိန်းချုပ်သွားရန် လိုကြောင်း ကုလသမဂ္ဂက သတိပေးချက်တစ်ရပ် ထုတ်ပြန်ထား သည်။ ရာသီဥတုပြောင်းလဲဖောက်ပြန်မှုအန္တရာယ်သည် လူသား ထုကြီးတစ်ခုလုံးအတွက် အနီရောင်အဆင့်ကိုရောက်လာနေပြီ ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။


ကမ္ဘာ့အသိုက်အဝန်းက ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ များ ထုတ်လွှတ်မှုလျှော့ချသွားရန် လျင်လျင်မြန်မြန် ဆောင်ရွက် သွားရန် လိုအပ်ပေသည်။ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ အဓိကထုတ်လွှတ်နေသည့် တွင်းထွက်လောင်စာအသုံးပြုမှုများကို ချက်ချင်းပြောင်းလဲနိုင်မည်ဆိုပါက ကမ္ဘာ့ရာသီဥတုဖောက်ပြန်မှု  အနီရောင်အဆင့်သို့မရောက်အောင် ကာကွယ်နိုင်မည်ဖြစ်သည်။ မြေကမ္ဘာကို ဒုက္ခပေးနေသော ကာဗွန်ဓာတ်ငွေ့လျှော့ချရေးကို အသိပညာရှင်၊ အတတ်ပညာရှင်များက ဆွေးနွေးညှိနှိုင်းအဖြေရှာ နေကြသည်။


အိုဇုန်းလွှာသည် ကမ္ဘာမြေပြင်ပေါ်သို့ ကျရောက်သည့် ဘေးအန္တရာယ်ရှိသော ခရမ်းလွန်ရောင်ခြည်ကို ၉၉ ရာခိုင်နှုန်းအထိ စုပ်ယူပေးသည့် သဘာဝအကာအရံဖြစ်ပေသည်။ သဘာဝတော၊ တောင်၊ ရေအရင်းအမြစ်၊ သစ်တောများစသဖြင့် သဘာဝ ပတ်ဝန်းကျင်ယိုယွင်းပျက်စီးမှု မရှိအောင် ကာကွယ်ထိန်းသိမ်းရေး လုပ်ငန်းများကိုလည်း လုပ်ဆောင်သွားကြရမည်ဟု ဆိုချင် ပါကြောင်း။       ။






အခြားဆက်စပ်သတင်းများ