နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး SINOVAC ဆေးကို မြေပြင်အအေးလမ်းကြောင်း မော်တော်ယာဉ်များဖြင့် ဆက်လက်ပို့ဆောင်

ရန်ကုန်၊  ဩဂုတ်  ၁၁


တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ရောက်ရှိလာသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး SINOVAC ဆေးများကို ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကာကွယ်ဆေးသိုလှောင်ခန်း၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း၌ ထားရှိရာ အဆိုပါ ဆေးပစ္စည်းများကို ဩဂုတ် ၁၀ ရက်၊ မွန်းလွဲပိုင်းတွင် မြေပြင်ခရီးလမ်းကြောင်းဖြင့် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့သို့ ဆေးပုံး ၁၅ ပုံး၊  ဆေးအလုံးရေ ၂၇၁၆၉ လုံးနှင့်၊  ပြည်မြို့သို့ ဆေးပုံး ၁၀ ပုံး၊ ဆေးအလုံးရေ ၁၂၀၀၀ လုံးတို့ကို Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးများဖြင့် ဆက်လက်ဖြန့်ဖြူးပေးခဲ့ကြောင်း သိရ သည်။                                                                           ဆွေဦး






အခြားဆက်စပ်သတင်းများ