ရန်ကုန်၊ ဩဂုတ် ၁၁
ဩဂုတ် ၉ ရက်၊ မွန်းလွဲ ၁ နာရီခွဲ အချိန်ခန့်၊ မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ယင်းမာပင်တိုက်နယ် ကြက် စခန်းကျေးရွာ၊ မိုင်တိုင်အမှတ် (၄၇/၂) မြစ်ဆုံကွေ့တွင် ရန်ကုန်ဘက်မှ တောင်ကြီးဘက်သို့ မောင်းနှင်လာသော ဂါလန် ၈၀၀၀ ဆံ့ 92 ဆီသယ်ယာဉ် သည် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သိရသဖြင့် မိတ္ထီလာ ခရိုင်မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ် တစ်စီး၊ သာစည်မြို့နယ် မီးသတ်စခန်း မှ အုပ်ချုပ်မှုယာဉ်တစ်စီး၊ ယင်းမာပင် နယ်မြေမီးသတ်စခန်း မီးငြှိမ်းသတ်ယာဉ် တစ်စီး၊ ရေသယ်ယာဉ်တစ်စီး၊ Apache စက်ရုံမှ ရေသယ်ယာဉ်တစ်စီး ၊ Blue Diamond မှ ရေသယ်ယာဉ်တစ်စီး၊ သန္ဓေ မီးသတ်တပ်ဖွဲ့ဝင်များဖြင့်တိမ်း မှောက်သည့်ယာဉ် ဆီယိုစိမ့်ပြီးမီးလောင် မှုဖြစ်ပွားလာခြင်း မရှိစေရေးအတွက် FOAM အမြှုပ်ဆေးရည်များဖြင့် ကြိုတင် ဖုံးအုပ် ကာကွယ်ပေးခြင်း လုပ်ငန်းများ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။ ဆွေဦး