နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Gas တင်ဆောင်လာသည့် တွဲယာဉ် ဘရိတ်ပေါက်ပြီး မြေဆီတင်ဆောင်လာသည့် တွဲယာဉ်အားဝင်တိုက်

ရန်ကုန်၊  ဩဂုတ်  ၁၁


ဩဂုတ် ၉ ရက်၊ ညနေ ၆ နာရီ ၁၈ မိနစ်အချိန်  ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ မြဝတီ-ကော့ကရိတ် အာရှကားလမ်းမကြီး၊ မိုင်တိုင်အမှတ် ၁၅၄ နှင့် ၁၅၅ ကြား၊ နတ်စင်ကွေ့ အနီးတွင် Gas ၂၂ တန် သယ်ဆောင် မောင်းနှင်လာသည့် GE 13 NISSAN  ၂၂ ဘီး အမျိုးအစား (အဖြူရောင်)တွဲ ယာဉ်သည် ဘရိတ်ပေါက်ကာ အရှိန်မ ထိန်းနိုင်ဘဲ နောက်တွဲ Gas အိုးဖြင့် လားရာတူ ရှေ့မှ မြေဆီအိတ်များ သယ် ဆောင်မောင်းနှင်လာသော FAW ၂၂ ဘီး အမျိုးအစား(အဖြူရောင်)တွဲယာဉ် အား ဝင်ရောက်တိုက်မိပြီး လမ်းပေါ်၌ ကန့်လန့်ဖြတ် တိမ်းမှောက်မှုဖြစ်ပွား ကြောင်း သိရသဖြင့် ကော့ကရိတ်မြို့ နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် တစ်စီး၊ သန္ဓေ ၇ ဦးတို့ဖြင့် ကယ်ဆယ် ရေးလုပ်ငန်းများ  သွားရောက်ကူညီ ဆောင်ရွက်ခဲ့ရာ ယာဉ်တိမ်းမှောက်မှု ကြောင့် GE 13 NISSAN  ၂၂ ဘီး အမျိုး အစား (အဖြူရောင်) တွဲယာဉ်ပေါ်ပါ ယာဉ်မောင်း ကျားတစ်ဦး (သေဆုံး)နှင့် ယာဉ်နောက်လိုက် ကျားတစ်ဦး ထိခိုက် ဒဏ်ရာ (စိုးရိမ်ရ)ရရှိသဖြင့် ကော့ကရိတ် မြို့နယ်၊ “ပုလဲဖြူ”လူမှုကူညီရေးအသင်း ပိုင်ယာဉ်ဖြင့် သင်္ဃန်းညီနောင် ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဆွေဦး






အခြားဆက်စပ်သတင်းများ