ရန်ကုန်၊ ဩဂုတ် ၁၀
စမ်းချောင်းမြို့နယ်၊ မုန့်လုပ် ဆောင်း ကုန်း(တောင်)ရပ်ကွက်၊ ကျွန်းတော လမ်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီး၊ ဦးရွှေလှိုင်နှင့် သားများကားရေတိုင်ကီ ပြုပြင်ရေး ဆိုင်ခေါင်မိုးပေါ်၌ မသင်္ကာ ဖွယ်အပြာရောင် ပိုက် (၁)လုံး တွေ့ရှိ ကြောင်းသတင်းအရ ဩဂုတ် ၉ ရက်၊ ညနေ ၄နာရီ ၄၅မိနစ်အချိန်က လုံခြုံရေးတပ်ဖွဲ့ဝင်များ သွားရောက် စစ်ဆေးရာ အချိန်ကိုက် လက်လုပ်ဗုံး ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိ သိမ်းဆည်း ရမိသည်။
အဆိုပါ အချိန်ကိုက် လက်လုပ်ဗုံးမှာ အလျား ၈ လက်မ၊ အချင်း၂ လက်မခန့်ရှိ PVCအပြာရောင်ကော်ပိုက်၊(၉)ဗို့ ဓါတ်ခဲ (၂)လုံး (သံချေးတက်)၊ မီးသီး ဒီတို နီတာ (၁)ခု (သံချေးတက်)၊ ခလုတ် (၁)ခု၊ အချိန်ဆိုင်းဆားကစ်(၁)ခု တို့ ဖြင့် တွဲဆက်ထားသဖြင့် စစ်မြေပြင် အင်ဂျင်နီယာတပ်ဖွဲ့မှ သက်မဲ့ပြုလုပ် ရှင်းလင်းခဲ့ကြောင်းနှင့် လာရောက် ပစ်ချ သူအား ဖမ်းဆီရမိရေး ပတ်ဝန်းကျင်ရှိ CCTV မှတ်တမ်းများအရ စစ်ဆေးလျက် ရှိကြောင်းသိရသည်။ ကျော်သူထက်