နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပုဇွန်တောင်မြို့နယ်၊ အထက်ပုဇွန်တောင်လမ်း ဆားလင်းပရိယတ္တိစာသင်တိုက်ရှေ့ ပေါက်ကွဲမှု ဖြစ်ပွား

ရန်ကုန်၊  ဩဂုတ်  ၁၀

ရန်ကုန်တိုင်းဒေသကြီး  ပုဇွန်တောင် မြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ အထက် ပုဇွန်တောင်လမ်း၊ ဆားလင်းပရိယတ္တိ စာသင်တိုက်ရှေ့တွင် ဩဂုတ်လ ၈ ရက်၊  ညနေ ၄ နာရီ ၅၅ မိနစ်အချိန်က မသင်္ကာဖွယ်ရာ အထုပ်တစ်ထုပ်တွေ့ ရှိကြောင်း တာဝန်သိ ပြည်သူတစ်ဦး၏ သတင်းပေးပို့ချက်အရ မြို့နယ်ရဲတပ်ဖွဲ့ ဝင်များမှသွားရောက်ရှာဖွေစဉ် (၁၀) ပေ ခန့်အကွာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။

ပေါက်ကွဲမှုကြောင့် ပုဇွန်တောင် မြို့မရဲစခန်းမှ လ/၁၅၃၄၁၇ ရဲတပ်ကြပ် တင်စိုးရွှေ၏ ယာဘက်ခြေသလုံးပေါက် ပြဲဒဏ်ရာ (၁) ချက်၊ (မစိုးရိမ်ရ)၊ လ/၂၄၆၆၄၂ ရဲတပ်သားပြည့်စုံဦးတွင် ဝမ်း ဗိုက်ယာဘက်ခြမ်း ပေါက်ပြဲ ဒဏ်ရာ(၁)ချက်၊ ဝဲဘက်လက်ဖျံပေါက်ပြဲဒဏ်ရာ (၁)ချက်၊ ယာဘက်ပေါင်ရင်းပေါက်ပြဲ ဒဏ်ရာ (၁) ချက် (မစိုးရိမ်ရ) နှင့် လ၂၄၅၄၈၂ ရဲတပ်သား မျိုးမင်းထွန်း တွင် မျက်ခုံး (ဝဲဘက် ပွန်းပဲ့ဒဏ်ရာ (၁)ချက်၊ ဝမ်းဗိုက်ဝဲဘက်ခြမ်းပေါက် ပြဲဒဏ်ရာ(၂)ချက် (မစိုးရိမ်ရ)နှင့် စျေး ရောင်းချသူ ပြည်သူတစ်ဦးမှာ ယာနား ထင်ပေါက်ပြဲဒဏ်ရာ (မစိုးရိမ်ရ) တို့ ရရှိခဲ့သဖြင့် အမှတ်(၂)တပ်မတော်ဆေးရုံ ခုတင်(၅၀၀)သို့ ပို့ဆောင် ဆေးကုသမှု ခံယူစေခဲ့ကြောင်း၊ ထို့အပြင် ပေါက်ကွဲမှု ကြောင့် ဆားလင်းကျောင်းတိုက်အနီး ရပ်ထားသည့် YGN 3 I/6923 Honda Fit အနက်ရောင်ယာဉ်၏ နောက်လေကာ မှန်ပျက်စီး၊ ခန့်မှန်းတန်ဖိုး ကျပ် ၂ သိန်း ခန့်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

ထို့နောက်   အခင်းဖြစ်အရပ်ကို အသေးစိတ်စစ်ဆေးခဲ့ရာတွင် အနက် ရောင်ပိတ်စ  (၆ပေx၃ပေ) ပေါ်တွင် (၈၈၈၈) လူထုလွတ်မြောက်ရေးဟု ရေး သားထားသည့် ပိတ်စအပိုင်း (၂) ပိုင်း၊ ခဲ သတ္ထုအပိုင်းအစများနှင့် စက္ကူကတ်ထူ အပိုင်းအစများအား တွေ့ရှိသိမ်းဆည်း ရရှိခဲ့ကြောင်းသိရသည်။ အဆိုပါအကြမ်း ဖက်ဖောက်ခွဲသူများကို   ဖော်ထုတ် ဖမ်းဆီးရမိရေး ဆက်လက် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။  မိုးမြင့်မောင်







အခြားဆက်စပ်သတင်းများ