နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ငွေကျပ် ၂ ဒသမ ၁၃ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

ရန်ကုန်၊  ဩဂုတ်  ၉


ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ် မြို့နယ်၌ ငွေကျပ် ၂ ဒသမ ၁၃ ဘီလီယံ တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် လက် နက်ခဲယမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။


ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော     ပူးပေါင်းအဖွဲ့သည် ဩဂုတ် ၇ ရက်၊ နံနက် ၆ နာရီခန့်တွင် တာချီလိတ်မြို့နယ် မိုင်းဖုန်း(က)အုပ်စု ပါခါဟိုခိုကျေးရွာရှိ အိုက်ကွမ်း (ခ)အိုက်လာ၏ဂိုဒေါင်ကို သတင်းအရ ရှာဖွေရာ အိုက်ကျိုင်း(၄၀)နှစ်၊ စိုင်းအင် (၁၅) နှစ်တို့နှင့်အတူ တန်ဖိုး ငွေကျပ် ၂ ဒသမ ၁၃ ဘီလီယံ တန်ဖိုးရှိ ဘိန်းဖြူ ဘလောက်တုံး ၄၀၀ (အလေးချိန် ကီလို ၁၄၀)၊ အိုက်စ် တစ်ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀ နှင့် အမ် ၁၆ သေနတ် တစ်လက်၊ ၁၂ ဗို့ သေနတ် နှစ်လက်၊ လက်ပစ်ဗုံးနှစ်လုံး၊ ကျည်အိမ် သုံးခု၊ ကျည်မျိုးစုံ ၁၂၃ တောင့်၊ ထော်လာဂျီယာဉ်နှစ်စီးတို့ကို သိမ်းဆည်းရမိခဲ့ပြီး အိုက်ကွမ်း(ခ)အိုက်လာ နေထိုင်သည့် တာချီလိတ် မြို့နယ်  မိုင်းဖုန်း (က)အုပ်စု ပါဝါ ကျေးရွာရှိနေအိမ်ကို နံနက် ၇ နာရီခန့် တွင် ဆက်လက်ရှာဖွေရာ ယာဉ်သုံးစီး ထပ်မံ သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့ ကို မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်း လဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ အရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများကို စစ်ဆေးဖော်ထုတ် လျက်ရှိကြောင်း သိရသည်။   

  ဆွေဦး






အခြားဆက်စပ်သတင်းများ