နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တောင်ကျရေစီးဆင်းမှုများကြောင့် ပျက်စီးခဲ့သည့် ကျေးရွာချင်းဆက်တံတားတစ်စင်း ပြုပြင်

ရန်ကုန်၊  ဩဂုတ်  ၉


ဧရာဝတီတိုင်းဒေသကြီး၊ ငရုတ်ကောင်းမြို့၌  ဩဂုတ် ၆ ရက်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေစီးဆင်းမှုများကြောင့် ရေကျော်ကျေးရွာအုပ်စု၊ သင်္ကန်း ကျေးရွာနှင့် မိုးတိမ်ပြင်ကျေးရွာအုပ်စုရှိ ဆင်မှုံကျေးရွာချင်းဆက်တံတားသည် ပြိုကျ ပျက်စီးမှုများဖြစ်ပေါ်ခဲ့ပြီး ဒေသခံများ သွားလာရေးအခက်အခဲများဖြစ်ပေါ်ခဲ့သဖြင့် ဟိုင်းကြီးကျွန်းမြို့ရှိ နယ်မြေခံရေတပ်စခန်းဌာနချုပ်မှ အရာရှိ၊ စစ်သည်များ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများစုပေါင်း၍ ပြုပြင်ဆောင်ရွက်ပေးခဲ့ရာ ဩဂုတ် ၈ ရက်တွင် ရာနှုန်းပြည့်ပြင်ဆင်ပြီးစီးပြီဖြစ် ကြောင်းနှင့် အများပြည်သူများ ပြန်လည်ဖြတ်သန်းသွားလာနိုင်ပြီဖြစ်ကြောင်းသိရသည်။ 

ဆွေဦး






အခြားဆက်စပ်သတင်းများ