ရန်ကုန် ဩဂုတ် ၇
ကြည့်မြင်တိုင်မြို့နယ်၊ ဈေးကြီး အရှေ့ရပ်ကွက်၊ ဗိုလ်သူရလမ်းနှင့် ပိတောက်ပင်လမ်းထောင့်၊ အမှတ် ၇၈ ရှိ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးအနီးတွင် ဩဂုတ် ၆ ရက်၊ မွန်းလွဲ ၂ နာရီ ၅၅ မိနစ်အချိန်က ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။
ပေါက်ကွဲမှုဖြစ်ပွားရာသို့ လုံခြုံရေး တပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေး ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးဝဲဘက် ဗိုလ်သူရလမ်း ဘက်ရှိ ရွှေအိုးဆေးဆိုင်ရှေ့တွင် လက်လုပ်ဗုံးတစ်လုံး၊ လမ်းယာဘက် အခြမ်းတွင် လက်လုပ်ဗုံးတစ်လုံး ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှု ကြောင့် ရွှေအိုးဆေးဆိုင်ရှိအရောင်း ဝန်ထမ်း မရွှေရည်မိုး ၃၆ နှစ်တွင် ဝဲဘက်ခြေသလုံး ရှပ်ထိပွန်းပဲ့ဒဏ်ရာ တစ်ချက် (မစိုးရိမ်ရ)ရရှိခဲ့ကြောင်း၊ ပေါက်ကွဲသည့် နေရာမှ PVC ပိုက် အပိုင်းအစများ၊ ဘောစိများနှင့် Keypad ဖုန်းအပိုင်း အစများတွေ့ရှိ ကြောင်းနှင့် အကြမ်းဖက်ဖောက်ခွဲသူ များကို ဖော်ထုတ်ဖမ်းဆီးရမိရေး ဆက်လက် ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
သွင်မောင်မောင်