ကျိုက်ထို ဩဂုတ် ၇
ဩဂုတ် ၆ ရက်၊ မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် မွန်ပြည်နယ် ကျိုက်ထို မြို့နယ် ရန်ကုန်-မော်လမြိုင် ကား လမ်းဟောင်း မိုင်တိုင်အမှတ် (၉/၂-၁) ကျောက္ကလပ်တံတားအနီး၌ လူနာတင် ယာဉ်တစ်စီး မိုင်းဖြစ်ခွဲခံရကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင် များက သွားရောက်စစ်ဆေးခဲ့ရာ လိုရာပြည့် လူမှုကူညီရေးအသင်းမှ သိမ်ဇရပ်မြို့ မြို့မ(၁)ရပ်ကွက်နေ ကိုကျော်စွာဝင်း ၂၁ နှစ် (ဘ) ဦးတင်ထွန်းသည် အသင်းပိုင် လူနာတင်ယာဉ်ဖြင့် ကျိုက်ထိုမြို့မှ သူရလင်း ၂၆ နှစ် (ဘ) ဦးကျော်လင်းနှင့် ဦးမိုးအောင် ၅၃ နှစ်(ဘ) ဦးလှမောင်တို့အား သွားရောက်တင်ဆောင်၍ သိမ်ဇရပ်မြို့ သို့ ပြန်လာစဉ် သိမ်ဇရပ်မြို့ဝင်ဆိုင်း ဘုတ်အနီးအရောက် တူရကီနိုင်ငံလုပ် ကြိုးဆွဲလက်ပစ်ဗုံးဖြင့် ဖောက်ခွဲခံရ သဖြင့် ယာဉ်၏ ရှေ့လေကာမှန်ကြီး၊ ယာရှေ့နောက်မှန်ကြီး နှစ်ချပ်တို့ ကွဲအက်ပျက်စီးခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ ကျူးလွန် သူများကို ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင် များက စုံစမ်းဖော်ထုတ်လျက်ရှိ ကြောင်း သိရ သည်။ ဆွေဦး