နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဖယ်ခုံမြို့နယ်တွင် ကိုဗစ်-၁၉ ထိုးနှံပေးနေသည့် နေရာကို မိုင်းထောင်ဖောက်ခွဲ

ဖယ်ခုံ ဩဂုတ် ၄


ဩဂုတ် ၃ ရက် မွန်းလွဲ ၁ နာရီ ၄၀ မိနစ်အချိန်တွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်၊ ညောင် ကုန်း (၄) ရပ်ကွက်ရှိ မြို့တော်ခန်းမ ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမှုများ ဆောင်ရွက်ပေးနေစဉ် မြို့တော်ခန်းမ ရှေ့ဝင်ပေါက် ဘယ် ဘက်ခြမ်းရှိ Flower Box အတွင်းမှ အကြမ်းဖက်သူများ ထောင်ထား သည့် လက်လုပ် Remote မိုင်း တစ်လုံးပေါက်ကွဲခဲ့ရာ မြို့တော် ခန်းမအတွင်း ကာကွယ်ဆေးထိုး နှံနေမှုအား လုံခြုံရေးဆောင်ရွက် ပေးလျက် ရှိသည့် ရဲတပ်သား ထွန်း လင်းဇော်တွင် မိုင်းစထိမှန် ဒဏ်ရာ များရရှိကျဆုံးခဲ့ပြီး ရဲတပ်သား အောင်လွင်ဖြိုးနှင့် ရဲဒုတပ်ကြပ် အောင်မျိုးတို့တွင် ဒဏ်ရာများရရှိခဲ့ သဖြင့် ဖယ်ခုံမြို့ပြည်သူ့ဆေးရုံကြီး သို့ ပို့ဆောင်ကုသစဉ် ညနေ ၃ နာရီ ၂၀ မိနစ်အချိန်တွင် ရဲတပ်သား အောင်လွင်ဖြိုးသည် ရရှိသောဒဏ်ရာ များဖြင့် ထပ်မံကျဆုံးခဲ့ကြောင်း သိရ သည်။ 


အလားတူအဆိုပါ မိုင်းပေါက်ကွဲမှု ဖြစ်စဉ်ကြောင့် ကာကွယ်ဆေးလာ ရောက် ထိုးနှံလျက်ရှိသည့် ဒေါ်မူရိန်း(ဘ) ဦးတွက်နှင့် ကာကွယ်ဆေးထိုးနှံရေး လုပ်ငန်းများတွင် လာရောက်ကူညီ ဆောင်ရွက်ပေးနေသည့် စေတနာ့ ဝန်ထမ်း ဦးနန္ဒဝေယံ(ဘ)ဦးမြင့်ဝင်း တို့တွင် မိုင်းစထိမှန်ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် ဖယ်ခုံမြို့ ပြည် သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး လိုအပ်သည့်ဆေးကုသမှုများ ဆောင် ရွက်ပေးလျက်ရှိကြောင်းသိရသည်။ 


အဆိုပါ ပြည်သူလူထု၏ အသက် အိုးအိမ်နှင့် ကာကွယ်ဆေးထိုး လုပ်ငန်း ဆောင်ရွက်နေမှုကို ပစ်မှတ်ထား၍ အကြမ်းဖက်ဗုံးဖောက်ခွဲသူကို ဖမ်းဆီး ရမိရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက အပူတပြင်း ရှာဖွေဖော်ထုတ်လျက်ရှိ ကြောင်းနှင့်  ပြည်သူများအနေဖြင့်လည်း မသင်္ကာဖွယ် အကြမ်းဖက်သမား၏ သတင်းရရှိပါက အချိန်နှင့်တပြေးညီ သက်ဆိုင်ရာသို့ သတင်းပေးပို့ကူညီ ကြပါရန် မေတ္တာရပ်ခံနှိုးဆော်ထား ကြောင်း သိရသည်။   ဆွေဦး






အခြားဆက်စပ်သတင်းများ