နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စပိန်နိုင်ငံ၏ မြို့ကြီးများတွင် လူထောင်ပေါင်းများစွာ ယာဉ်တန်းအဖြစ် ကားမောင်းနှင်၍ ဆန္ဒပြ

မေ ၂၄၊ မက်ဒရစ်

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို စပိန်အစိုးရ၏ ကိုင်တွယ်ပုံနှင့်ပတ်သက်၍ စပိန်နိုင်ငံတွင် လူထောင်ပေါင်းများစွာ ဆန္ဒပြခဲ့ကြသည်။ လူတစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေရေး စည်းမျဉ်းများကို ထိန်းသိမ်းလိုက်နာရန်အတွက် ကားထဲမှ မထွက်ကြဘဲ မြို့ကြီးများကို ဖြတ်သန်းမောင်းနှင်ကြရန် လက်ယာစွန်းရောက် Vox ပါတီက အားပေးထောက်ခံသူများကို တိုက်တွန်းခဲ့ကြသည်။

မက်ဒရစ်မြို့မှ ဆန္ဒပြသူများက ယာဉ်တန်းအဖြစ် မောင်းနှင်ခဲ့ပြီး စပိန်အလံများကို ဝှေ့ယမ်းဖော်ပြကာ ဆိုရှယ်လစ်ဝန်ကြီးချုပ် ပက်ဒရိုဆန်းချက်ဇ်ကို ရာထူးမှ နုတ်ထွက်ရန် တောင်းဆိုခဲ့ကြသည်။  စပိန်နိုင်ငံတွင် မတ်လ ၁၄ ရက်တွင် ဥရောပ၏ အတင်းကျပ်ဆုံး ကန့်သတ်ချက်အချို့ ထုတ်ပြန်ခဲ့သည်။ မကြာသေးမီ ရက်သတ္တပတ်များအတွင်း ကန့်သတ်ချက်များကို ဖြေလျှော့ပေးခဲ့သော်လည်း မက်ဒရစ်နှင့် ဘာစီလိုနာမြို့ကြီးများတွင် COVID-19 ကူးစက်ပျံ့နှံ့မှု ပြင်းထန်စွာ ဖြစ်ပွားနေခြင်းကြောင့် ပိတ်ဆို့ခံထားရဆဲဖြစ်သည်။ သို့သော် လာမည့်တနင်္လာနေ့မှစတင်၍ အဆိုပါမြို့ကြီးနှစ်မြို့တွင် အိမ်ပြင်ပ စားသောက်ခြင်း၊ လူ ၁၀ ဦးအထိ စုဝေးခြင်းများ ခွင့်ပြုပေးတော့မည်ဖြစ်သည်။

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ