ရန်ကုန် ဩဂုတ် ၃
ဇူလိုင် ၁၆ ရက်တွင် KNLA တပ်မဟာ ၅ နယ်မြေအတွင်း ဖောက်ခွဲ ဖျက်ဆီးရေးသင်တန်း ဖွင့်လှစ်ခဲ့သည့် ခင်ကျော်(UNRA)၏ ဆက်စပ်တရားခံ ဖြစ်သော ကျော်ဇင်ထွန်း(ခ)သေတ္တာ၊ ဝိုင်းတူးခန့်နှင့် ပြည့်ပြည့်ချို တို့ ၃ ဦးကို ယာဉ်မောင်း စောသိုက် မောင်းနှင်သော ပရိုဘောက်ယာဉ်နှင့်အတူ ကျိုက်ထို မြို့နယ်၊ မရမ်းချောင်စစ်ဆေးရေးဂိတ်၌လည်းကောင်း၊ အဆိုပါဖောက်ခွဲရေး သင်တန်းဆင်းလာသူများကို သွား ရောက်ခေါ်ဆောင်ပေးရန် စေခိုင်းသူ စောလွိုက်အား မရမ်းကုန်းမြို့နယ်ရှိ ယင်း၏ နေအိမ်၌လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့သည်။
တရားခံများ၏ ထွက်ဆိုချက်အရ ဖြိုးဝေလှိုင်နှင့် ထက်အောင်ရင်တို့ကို မရမ်းကုန်း မြို့နယ်တွင်လည်းကောင်း၊ အောင်ကျော်ဦးကို လှိုင်သာယာမြို့နယ် တွင်လည်းကောင်း၊ ဖမ်းဆီးရမိခဲ့သည်။ ရဲလင်းထွန်းနှင့် သက်လွင်ဦးတို့ကို ဇူလိုင် ၁၇ ရက်တွင် လမ်းမတော် မြို့နယ်၌လည်းကောင်း၊ ထို့ပြင် ဖောက်ခွဲရေးသင်တန်း တက်ခဲ့သူ မင်းမင်းအား ဇူလိုင် ၁၈ ရက်တွင် လှိုင်သာယာမြို့နယ်၌လည်းကောင်း၊ စည်သူအောင်ကို အင်းစိန်မြို့နယ်၌ လည်းကောင်း၊ စည်သူအောင်၏ ထွက်ဆိုချက်အရ ခွန်ဆက်နိုင်၊ ပြည့်စုံအောင်၊ ရဲရင့်အောင်နှင့် အောင်ကိုသန်းတို့ ၄ ဦးကို ဇူလိုင် ၁၉ ရက်တွင် အင်းစိန်မြို့နယ်၌ လည်းကောင်း၊ ကြည်နောင်၊ အောင်စိုးမင်းနှင့် အေးအေးမွန်(ခ)အိအိဆွေတို့ ၃ ဦးကို ဇူလိုင်လ ၂၀ ရက် တွင် ကမာရွတ်မြို့နယ်၌လည်းကောင်း အသီးသီး ဖမ်းဆီးရမိခဲ့ပြီး ကြည်နောင် ၏ထွက်ဆိုချက်အရ ကမာရွတ်မြို့နယ်ရှိ ယင်းနေထိုင်ရာ အခန်းအတွင်းမှ ဖောက်ခွဲရေးပစ္စည်း ပြုလုပ်ရာတွင် အသုံးပြုသည့် ယမ်း၊ ကန့်နှင့် ဆက်စပ်ပစ္စည်းများအား လည်းကောင်း၊ စည်သူ၊ သာထူးကျော်၊ ကျော်ဆန်းဦးနှင့် အောင်ထက်တို့ ၄ ဦးကို လက်လုပ်ဗုံးတစ်လုံး၊ စကားပြောစက် တစ်လုံးတို့နှင့်အတူ ဇူလိုင် ၂၁ ရက်တွင် အင်းစိန်မြို့နယ်၌ လည်းကောင်း အသီးသီးဖမ်းဆီးရမိ ခဲ့သည်။
ဖမ်းဆီးရမိတရားခံ ဖြိုးဝေလှိုင်၊ ထက်အောင်ရင်နှင့် ရဲလင်းထွန်းတို့၏ ထွက်ဆိုချက်အရ ယင်းတို့သည် ရပ်ရွာ တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုအား အကြောက်တရားဖြင့် ထိန်းချုပ်နိုင် စေရန် ရည်ရွယ်ချက်များဖြင့် ဇူလိုင် ၁၁ ရက်တွင် ယင်းတို့ ၃ ဦးသည် အင်းစိန်မြို့၊ ရွှေဝါ(၁)လမ်းနေ အပြစ်မဲ့ ပြည်သူတစ်ဦး၏ အိမ်ရှေ့၌ရီမုမိုင်း တစ်လုံးဖြင့်လည်းကောင်း၊ ဇူလိုင် ၁၃ ရက်တွင် ဖြိုးဝေလှိုင်နှင့် ရဲလင်းထွန်းတို့သည် အင်းစိန် မြို့နယ် လျှပ်စစ်ရုံးအား လက်လုပ်ဗုံးဖြင့် လည်းကောင်း၊ ဇူလိုင် ၁၉ ရက်တွင် ထက်အောင်ရင်သည် အင်းစိန်မြို့နယ်၊ နံ့သာကုန်း ရပ်ကွက်ရှိ One Stop Mart ဆိုင်ကို လက်လုပ်ချိန် ကိုက်မိုင်းဖြင့်လည်းကောင်း ဖောက်ခွဲ ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ အဖျက်လုပ်ရပ်များအား ကျူးလွန်နိုင်စေရန်အတွက် နောက် ကွယ်မှ ကြိုးကိုင်စေခိုင်းနေသူမှာ ဆိုင်းမွန်ဆိုသူဖြစ်ကြောင်း သိရသဖြင့် ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ ဇူလိုင် ၁၇ ရက်တွင် ဆိုင်းမွန်နှင့် ဖောက်ခွဲဖျက်ဆီးရေးသင်တန်း တက်ရောက်ခဲ့သည့် ဝေဖြိုးမောင် တို့ကို လှိုင်မြို့နယ်တွင် ဖမ်းဆီးရမိ ခဲ့သည်။ ဆိုင်းမွန်၏ ထွက်ဆိုချက် များအရ ရန်ကုန်မြို့တွင်း လူစည်ကား သောနေရာများ ဖောက်ခွဲဖျက်ဆီး ရန် ရည်ရွယ်ချက်ဖြင့် ဖောက်ခွဲဖျက် ဆီး ရေးပစ္စည်းများကို သင်္ဃန်းကျွန်း မြို့နယ်၊ သံသုမာလမ်းရှိ တိုက်ခန်း တွင်သိုဝှက်ထားကြောင်း သိရသဖြင့် လုံခြုံရေးအဖွဲ့များက အများပြည်သူ ၏ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးအတွက် အဆိုပါနေရာအား သွားရောက် ရှင်းလင်းခဲ့ရာ ရှေ့ထွက် မိုင်း ၄၄ လုံး၊ လက်ပစ်ဗုံးတစ်လုံး၊ လက်လုပ်မိုင်း မျိုးစုံ ၃၃ လုံး၊ ဆူပူ အကြမ်းဖက်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်း ရမိခဲ့သည်။ ဆွေဦး