နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တောင်ကြီးမြို့နယ်တွင် ငွေကျပ် ၁ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား သိန်း ၂၀ ဖမ်းဆီးရမိ

တောင်ကြီး ဩဂုတ် ၃


ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်တွင် ငွေကျပ် ၁ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြား သိန်း ၂၀ ဖမ်းဆီးရမိခဲ့ ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရ သည်။


ဖြစ်စဉ်မှာ မူးယစ်‌ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၃၁ ရက် နံနက် ၇ နာရီခွဲခန့်တွင် တောင်ကြီးမြို့နယ်၊ တောင်ကြီး- မိုင်းပျဉ်းသွားကားလမ်း၊ လွယ်တော် ကျေးရွာအုပ်စု၊ ဇလဲကျေးရွာအနီး တွင် TOYOTA WISH အမျိုးအစား မော်တော်ယာဉ်ကို ရှာဖွေရန် ရပ်တန့် ခိုင်းစဉ် မောင်းနှင်ထွက်ပြေးသဖြင့် ပိတ်ဆို့ဖမ်းဆီးခဲ့ရာ ရှာဖွေသည့်နေရာ နှင့် ကိုက် ၁၀၀ ခန့်အကွာ တွင် အဆိုပါ ယာဉ်မှာ လမ်းဘေးမြောင်းအတွင်း ထိုးကျ တိမ်းမှောက်သွားသဖြင့် စစ်ဆေးရှာဖွေရာ ယာဉ်မောင်း စိုင်းကျော်ဝင်း (၂၄)နှစ်နှင့်အတူတန်ဖိုး ငွေကျပ် ၁ ဘီလီယံတန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြားသိန်း ၂၀ ဖမ်းဆီးရမိခဲ့ ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ နံနက် ၁၁ နာရီခန့်တွင် စိတ်ကြွရူးသွပ် ဆေးပြားများ သယ်ဆောင်ခိုင်းသူ နန်းမြဦး(၂၅)နှစ်ကို တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်၊ ကုန်သည်လမ်း၊ အိမ်အမှတ်(၂၁)တွင် ဆက်လက် ဖမ်းဆီးရမိခဲ့သဖြင့် ယင်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာဥပဒေ အရ အရေးယူထားရှိပြီး ကွင်းဆက် ပြစ်မှုကျူးလွန်သူများကို ဆက်လက် စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း  သိရသည်။                                   ဆွေဦး






အခြားဆက်စပ်သတင်းများ