နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိဒ်နေ့ပွဲတော်မှစ၍ သုံးရက်ကြာ အပစ်အခတ်ရပ်စဲမည်ဟု တာလီဘန်အဖွဲ့ ကြေညာ

မေ ၂၄၊ ကာဘူးလ်

မေလ ၂၄ ရက်တွင် ကျရောက်သည့် အိဒ်နေ့ပွဲတော်မှစတင်၍ သုံးရက်ကြာ အပစ်အခတ် ရပ်စဲမည်ဖြစ်ကြောင်း တာလီဘန်အဖွဲ့က ကြေညာခဲ့သည်။ ပြီးခဲ့သည့်ရက်သတ္တပတ်များအတွင်း အာဖဂန်နစ္စတန်အစိုးရစစ်သည်များအပေါ် တာလီဘန်အဖွဲ့၏ တိုက်ခိုက်မှုများ မြင့်တက်လာခဲ့ပြီးနောက် ယခုကဲ့သို့ ကြေညာခဲ့ခြင်းဖြစ်သည်။

အာဖဂန်နစ္စတန်သမ္မတ အက်ရှ်ရက်ဂါနီက တာလီဘန်အဖွဲ့၏ ကြေညာချက်ကို ကြိုဆိုခဲ့ပြီး ယင်း၏စစ်သည်များအနေဖြင့် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်များကို လေးစားလိုက်နာသွားမည်ဟု ဆိုသည်။ သုံးရက်ကြာ အပစ်အခတ်ရပ်စဲမှုကြောင့် အာဖဂန်နစ္စတန်နိုင်ငံအတွင်း ဆူပူအုံကြွမှုများကို ကာလရှည်လျှော့ချနိုင်ရေး မျှော်လင့်ချက် မြင့်တက်လာစေဖွယ်ရှိသည်။ သို့သော် ၂၀၁၈ ခုနှစ် အိဒ်နေ့ပွဲတော်ကာလကအလားတူ အပစ်အခတ်ရပ်စဲရေး ကြေညာခဲ့ဖူးသော်လည်း သက်တမ်းတိုးမြှင့်ခဲ့ခြင်းမရှိပေ။

ပြီးခဲ့သည့်ဖေဖော်ဝါရီလတွင် အာဖဂန်နစ္စတန်နိုင်ငံမှ အမေရိကန်စစ်သည်များ ဆုတ်ခွာရေး သဘောတူစာချုပ် ချုပ်ဆိုခဲ့ခြင်းကြောင့် အမေရိကန်တပ်ဖွဲ့နှင့် တာလီဘန်အဖွဲ့ကြား တိုက်ခိုက်မှုများ လျှော့ချနိုင်လိမ့်မည်ဟု မျှော်လင့်ခဲ့ကြသည်။ သို့သော် အကျဉ်းသားလဲလှယ်ရေးဆိုင်ရာ နောက်ထပ်ဆွေးနွေးမှုများ နှောင့်နှေးကြန့်ကြာခဲ့သည့်အပြင် ပြီးခဲ့သည့် ရက်သတ္တပတ်များအတွင်း အစိုးရတပ်ဖွဲ့များအပေါ် တိုက်ခိုက်မှုများ မြင့်တက်ခဲ့သည်။

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ