နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒုတိယကမ္ဘာစစ်အတွင်း ဗုံးကြဲခံရမှုတွင် အသက်ရှင်ခဲ့သည့် မိကျောင်းကြီး ၈၄ နှစ်အရွယ်တွင် သေဆုံး

မေ ၂၄၊ မော်စကို

နာဇီခေါင်းဆောင် ဟစ်တလာ ပိုင်ဆိုင်သည်ဟု ကောလာဟလ ထွက်ပေါ်ခဲ့ပြီး ဒုတိယကမ္ဘာစစ်အတွင်း ဂျာမနီနိုင်ငံ ဘာလင်မြို့တွင် ရှင်သန်ခဲ့သည့် မိကျောင်းကြီးမှာ မော်စကိုမြို့ တိရစ္ဆာန်ရုံတွင် သေဆုံးခဲ့သည်။ '' မနေ့ နံနက်ပိုင်းက ကျွန်တော်တို့ရဲ့ မစ္စစ္စပီမိကျောင်းကြီး စေတန်က အိုမင်းမှုကြောင့် သေဆုံးခဲ့ပါတယ်။ သူ့အသက်က ၈၄ နှစ်လောက် ရှိပါပြီ။ တကယ့်ကို အသက်ရှည်ခဲ့တာပါ''ဟု မော်စကိုမြို့ တိရစ္ဆာန်ရုံက ပြောသည်။
 
စေတန်မှာ အမေရိကန်နိုင်ငံတွင် မွေးဖွားခဲ့ခြင်းဖြစ်ပြီး သားပေါက်အရွယ်ဖြစ်သည့် ၁၉၃၆ ခုနှစ်က ဘာလင်မြို့ တိရစ္ဆာန်ရုံသို့ လက်ဆောင်ပေးခဲ့ခြင်းဖြစ်သည်။ ၁၉၄၃ ခုနှစ်က ဗုံးကြဲခံရချိန်တွင် တိရစ္ဆာန်ရုံမှ လွတ်မြောက်သွားခဲ့သည်။ နောက်သုံးနှစ်အကြာတွင် ဗြိတိန်စစ်သည်များက စေတန်ကို ပြန်လည်တွေ့ရှိခဲ့ပြီး ဆိုဗီယက်ပြည်ထောင်စုသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။ စေတန်အနေဖြင့် ဘေးဒုက္ခခံစားခဲ့ရသည့် နှစ်ကာလများကို မည်ကဲ့သို့ ဖြတ်သန်း၍ ရှင်သန်ခဲ့သည်ဆိုခြင်းမှာ ဖြေရှင်းရခက်သည့်ပုစ္ဆာတစ်ခုဖြစ်ခဲ့သည်။ ၁၉၄၆ ခုနှစ် ဇူလိုင်လမှစတင်၍ မော်စကိုမြို့ တိရစ္ဆာန်ရုံတွင် စေတန်ကို လာရောက်ကြည့်ရှုသူ ပရိသတ်များ စည်ကားခဲ့သည်။

Ref:BBC(KNT






အခြားဆက်စပ်သတင်းများ