မေ ၂၄၊ ဘရာစီလီယာ
ဘရာဇီးနိုင်ငံတွင် လွန်ခဲ့သည့် ၂၄ နာရီအတွင်း COVID-19 လူနာသစ် ၁၆၅၀၈ ဦး တွေ့ရှိခဲ့ရပြီး စုစုပေါင်း ရောဂါကူးစက်ခံရသူ ၃၄၇၃၉၈ ဦးအထိ မြင့်တက်လာခဲ့ကြောင်း ဘရာဇီးကျန်းမာရေးဝန်ကြီးဌာနက ပြောသည်။ ထို့ကြောင့် ဘရာဇီးနိုင်ငံမှာ ကမ္ဘာပေါ်တွင် COVID-19 ရောဂါ ကူးစက်မှုဒဏ် အဆိုးရွားဆုံး ခံစားနေရသည့် အမေရိကန်နိုင်ငံပြီးနောက် ရောဂါကူးစက်ခံရသူ ဒုတိယအများဆုံး နိုင်ငံဖြစ်လာခဲ့သည်။ ဘရာဇီးမှာ ရောဂါကူးစက်ခံရသူ ၃၃၅၈၈၂ ဦးရှိသည့် ရုရှားနိုင်ငံကို ကျော်ဖြတ်ပြီး ဒုတိယနေရာ ရပ်တည်ခဲ့ခြင်းဖြစ်သည်။
ဘရာဇီးနိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း COVID-19 ကြောင့် သေဆုံးသူ ၉၆၅ ဦး ရှိလာခဲ့ရာ စုစုပေါင်း သေဆုံးသူ ၂၂၀၁၃ ဦး ရှိနေသည်။ ဘရာဇီးနိုင်ငံမှာ COVID-19 ကြောင့် သေဆုံးသူ ၂၀၀၀၀ အထက်ရှိသည့် ဆဋ္ဌမမြောက်နိုင်ငံ ဖြစ်လာခဲ့သည်။ ကမ္ဘာပေါ်တွင် COVID-19 ကူးစက်ခံရသူ ၅.၄ သန်းကျော်ရှိနေပြီး သေဆုံးသူ ၃၄၀၀၀၀ ကျော် ရှိနေသည်။
Ref:BBC(KNT)