နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြို့နယ်တွင်း COVID-19 ရောဂါကာကွယ်ကုသရေးအတွက် အင်းစိန်မြို့နယ် အထွေထွေရောဂါကုဆေးရုံကြီးမှ သမားတော်ကြီးများဦးဆောင်၍ ကုသပေးမည်

ရန်ကုန် ဧပြီ ၂ အင်းစိန်မြို့နယ်၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦး၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဝေဖြိုးဟန်တို့သည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၊ အင်းစိန်မြို့နယ်ဆေးရုံအုပ်ကြီး၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးများ၊ ကော်မတီဝင်များနှင့် အင်းစိန်မြို့နယ် ကြက်ခြေနီအသင်းခွဲမှ တာဝန်ရှိသူများနှင့်အတူ ဧပြီ ၁ ရက်၊ ညနေပိုင်းက အင်းစိန်မြို့နယ်ခန်းမသို့သွား ရောက်ခဲ့ကြပြီး လွှတ်တော်ကိုယ်စားလှယ်များသည် အင်းစိန်မြို့နယ် အထွေထွေရောဂါကုဆေးရုံကြီးမှ ဦးဆောင်၍ COVID-19 ရောဂါကာကွယ်ကုသရေးအတွက် အင်းစိန်မြို့နယ်ခန်းမတွင် ယာယီကျန်းမာရေးဌာန အဖြစ် ဖွင့်လှစ်နိုင်ရေးလိုအပ်ချက်များကို စီစဉ်ဆောင်ရွက်ပေးခဲ့ကြသည်။ ယာယီကျန်းမာရေးစစ်ဆေးမှုဌာနဖွင့်လှစ်ချိန်ကို အပတ်စဉ် တနင်္လာနေ့မှ စနေနေ့အထိ နံနက် ၉ နာရီမှ ၁၁ နာရီအထိဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ (NWA)






အခြားဆက်စပ်သတင်းများ