နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အစ္စရေးနိုင်ငံက နိုင်ငံ ၄ နိုင်ငံသို့ ခရီးသွားလာမှု ထပ်မံပိတ်ပင်

ဂျေရုဆလင်  ဩဂုတ်   ၂


COVID-19 ရောဂါကူးစက်မှုမြင့်မား လျက်ရှိသောအန္တရာယ်အား စိုးရိမ်သော ကြောင့် အစ္စရေးနိုင်ငံက ၎င်း၏ နိုင်ငံ သားများအား ဗြိတိန်၊ ဂျော်ဂျီယာ၊ ဆိုက် ပရပ်စ်နှင့် တူရကီနိုင်ငံတို့သို့ ခရီးသွား ခြင်းကို တားမြစ်လိုက်ကြောင်း အစ္စရေး နိုင်ငံ     ကျန်းမာရေးဝန်ကြီးဌာနနှင့် ပို့ဆောင်ရေးဝန်ကြီးဌာနတို့မှ    ပူးတွဲ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ 


အစ္စရေးနိုင်ငံအနေဖြင့် ၎င်း၏ နိုင်ငံ သားများနှင့် အမြဲတမ်းနေထိုင်သူများ အား   သီးခြားခွင့်ပြုရေးကော်မတီမှ အထူးခွင့်ပြုချက်မရရှိလျှင်    အာဂျင် တီးနား၊ ဘရာဇီး၊ တောင်အာဖရိက၊ အိန္ဒိယ၊ မက္ကစီကို၊ ရုရှား၊ ဘီလာရုစ်၊ ဥဇဘက်ကစ္စတန်၊ စပိန်နှင့် ကာဂျစ္စတန် နိုင်ငံများသို့       ခရီးသွားလာခြင်းအား တားမြစ်ထားကြောင်း သိရသည်။ 


ထို့အပြင် ယင်းနိုင်ငံများမှ ဝင်ရောက် လာသည့်   ရောဂါမှပြန်လည်ကျန်းမာ လာသူများနှင့်  ကာကွယ်ဆေးထိုးနှံ ထားသူများအပါအဝင် ခရီးသွားများ အနေဖြင့်    အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှုခြင်း (quarantine) ၇ ရက်အား ချက်ချင်းဝင်ရောက်ရမည် ဖြစ်ကြောင်း သိရသည်။  အစ္စရေးနိုင်ငံ သည်  အခြားနိုင်ငံ ၁၈ နိုင်ငံအတွက် ပြင်းထန်သည့် ခရီးသွားလာမှုသတိပေး ချက်ထုတ်ပြန်ခဲ့ပြီး    ယင်းနိုင်ငံများမှ ခရီးသည်များအနေဖြင့်  ရောက်ရှိလာ သည်နှင့် quarantine ဝင်ရန် လိုအပ် ကြောင်း သိရသည်။ 

မျိုးဝင်း (ref; Xinhua)






အခြားဆက်စပ်သတင်းများ